ဒီနေ့တော့ Hoseok နဲ့ Jeon...Nam Joonမသိလောက်တဲ့ အရက်Barတစ်ခုကိုသွားပြီး အတိုင်အဖောက်ညီနေကြသည်။ကျောင်းခဏပိတ်သွားတာနဲ့ သူတို့ခေါင်းထဲ သောက်မယ် စားမယ်...ပျော်မယ် ပါးမယ်...သွားမယ် လာမယ်ကလွဲပြီးကျန်တာဘာမှမရှိ။
အုပ်ထိန်းသူတွေက ဆူပူကျိန်းမောင်းလည်း Jung Square က ထုလေမာလေငါးဖယ်တွေ။ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကထွက်သွားနေကျ။အရက်ပုလင်းကိုင်ပြီးခုန်ပေါက်ကခုန်နေပုံတွေကို ကြည့်ပြီး လူတစ်ချို့ကပြောကြပါတယ်...ကလေးတွေ လမ်းမှားရောက်ကုန်ကြပြီတဲ့။
ကလို့ခုန်လို့မောသွားတာနဲ့ ခုံမှာပြန်ထိုင်ပြီး တစ်ခွက်တစ်ဖလားသောက်ကျရင်း စကားတွေတောင်စဉ်ရေမရ ပြောကြပြန်သည်။
"မူးနေပြီလား Jung Kook"
"ဒီလောက်ကတော့ အေးဆေး "
အေးဆေးပြောနေတဲ့ကောင်က ခေါင်းနဲ့စားပွဲနဲ့ထိတော့မယ်။ဒီကောင် အခုရက်ပိုင်းအရမ်းတွေသောက်နေတယ်။သောက်လို့မူးတိုင်းလည်း Jimin shiအကြောင်းချည်းပဲထိုင်ပြောပြီး အိပ်အိပ်သွားနေကျ။ဒီကောင်အိပ်မပျော်ခင် Hoseok သူ့အိမ်ပြန်လိုက်ပို့ပေးမှဖြစ်မည်။
"Jung Kook...မင်းများနေပြီ။ပြန်မယ် ထတော့"
"မပြန်သေးဘူး သောက်ဦးမှာ။ထပ်မှာပေးဦး...ထပ်သောက်ဦးမှာ"
"များနေပြီလေ Jung Kookရာ။မင်းအိမ်ကစိတ်ပူနေလိမ့်မယ်"
"အိမ်ကလား ဟမ်း!...ပြန်ရောက်တာနဲ့အဆူခံရမှာ။မပြန်တော့ဘူး"
"မပြန်လို့တော့မဖြစ်ဘူးလေကွာ...ထစမ်းပါ"
Hoseok ဆွဲထူတာတောင်မထတဲ့ Jeonက...ပေတိပေကပ်နိုင်လွန်းသည်။
"ပြန်စေချင်ရင် Park Jimin shi ကို...ခေါ်ပေး"
စလာပြီ...။
"ဟ! Paris ရောက်နေတဲ့လူကိုဘယ်လိုခေါ်မလဲ"
"တောက်!! ငါသဘောမတူပဲ လိုက်သွားတာ။အဲ့လူပြန်လာပါစေ ငါနဲ့တွေ့ဦးမယ်"
"အေး...ပြန်လာမှတွေ့။အခုပြန်မယ် ထ"
"နေစမ်း! ငါသောက်ဦးမယ်"
Sojiuပုလင်းကိုယူကာ မော့ချပြီး...ဖရိုဖရဲချထားတဲ့ဆံပင်တွေကို ခေါင်းပေါ်သပ်တင်လိုက်တဲ့ Jeonက တကယ့်အရက်သမား။ချထားလျက်နဲ့အသားကျနေတဲ့ ဆံပင်တွေ နဖူးပေါ် ကပိုကယိုပြန်ကျလာပုံက တကယ်ကလေး ဆိုမှ ကလေး။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ