Hyung...Dutyမပြီးမချင်း ဆေးရုံအရှေ့မှာထိုင်စောင့်နေမှာဆိုတဲ့ Messageတစ်စောင်ရပြီးတည်းက Seokjin အခုထိ Dutyမဆင်းရသေးတာ။
ထယ်က အရင်ကထက်ပိုပြီးအတင်ရဲလာသလို အချိန်တွေအကုန်ခံပြီးတော့လည်း လာပိုးပန်းပြနေတာမို့ ကိုယ့်မှာဘာလုပ်ရမှန်းမသိလို့ခြေတွေလက်တွေတောင် တုန်ချင်ချင်ရယ်။သူ့ကို စိတ်ချမ်းသာစေချင်လို့ လွှတ်ပေးလိုက်တာကို ဒီကိုပဲပြန်လာကပ်တွယ်နေတော့ ဘယ်လိုလုပ်ရမလဲ။
တစ်ခါခံစားဖူးထားတော့ လက်တစ်ကမ်းမှာကျောက်ချရပ်ထားတဲ့ တိမ်စိုင်ငယ်လေးကိုတောင် မဖမ်းဆုပ်ရဲချင်ဘူး။
အချိန်တွေအတော်များများ ကုန်သွားတဲ့နောက်တော့ ယောင်း အလုပ်တွေကိုပစ်ထားခဲ့ရကျိုးတွေနပ်ခဲ့တာပေါ့။ယောင်း ဆီကိုပဲဦးတည်လာနေတဲ့ အေးချမ်းခြင်းတရားလေးက ပြေးဖက်ပြီးရင်ခွင်နဲ့ အပ်ပစ်ချင်စရာ။
"ကိုကို "
"မလာခဲ့ပါနဲ့ဆို "
"ကျွန်တော် ကိုကို နဲ့တွေ့ချင်လို့ပါ "
"............"
"ကိုကို "
အတင်ရဲစွာဖမ်းဆုပ်လာသည့် လက်တွေထဲက ရုန်းထွက်ဖို့ကြိုးစားလည်း ဆေးရုံရှေ့မှာဆိုပြီး ထယ်က ဂရုစိုက်မဲ့ပုံမပေါ်။ရုန်းထွက်လို့မရပါဘူးဆိုတဲ့ မျက်ဝန်းအညိုရောင်တွေနဲ့ပဲ လူကိုအနီးကပ်ညှို့ထားတာမို့ ထိုကျော့ကွင်းညို့ညို့တွေ့ထဲ ထပ်ပိတ်မိပြန်သည်ထင်သည်။
"ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ကိုကို့ ကို ကျွန်တော် တကယ် ချစ်တာမို့...ကျွန်တော့်ကို ဒီတစ်ခါလောက်ပဲအခွင့်အရေးပေးပါနော်။ကိုကိုမကျေနပ်သေးဘူးဆိုရင်...ကျွန်တော် ကျေနပ်တဲ့အထိ ဒူးထောက်တောင်းပန်မယ်ဗျာ"
"ထယ်! "
ရုတ်တရက်ကြီး မြေပေါ်ဒူးထောက်ထိုင်ချလိုက်တာမို့ Seokjin အမြန်ထိုကောင်လေးကို ဆွဲထူလိုက်ရသည်။ဖြတ်သန်းသွားလာနေကျတဲ့ လူတွေက Seokjinတို့ကို စိတ်ဝင်တစားကြည့်သွားကြတာမို့...Kim CEOလေးသိက္ခာလည်း ကျမှာစိုးရိမ်ပါသေးသည်။
မနည်းဆွဲမထားရသည့် ခန္ဓာကိုယ်ကြီးမြေပေါ်ထပ်ဒူးထောက်ကျသွားမှာစိုးလို့ Seokjinမှာ ထိုကောင်လေး၏ လက်ဖဝါးများအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရသည်။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ