3💜 (Uni)

2.6K 247 9
                                    

"ဘယ်လို ယောင်းငယ်...Jeonလေးက ရည်းစားထားဖို့စဉ်းစားနေတာတဲ့လား"

"ကျွန်တော်တော့ အဲ့လိုထင်တယ် အန်တီ။Jeonလေးက တစ်ခါမှမမေးဖူးပဲမေးတယ်။သူအရွယ်ရောက်နေပြီလို့လည်းပြောတယ် "

"မဖြစ်သင့်လိုက်တာ။ဒီအရွယ်လေးနဲ့!..."

ယောင်း...Jin Hyungပြောသလို..Jeon လေးကိုထပ်ပြောကြည့်ပြီးပြီ။အဲ့ခေါင်းမာတဲ့ကလေးက စကားတွေလှည့်ပတ်ပြောပြီး...နောက်ဆုံးဒီဘူတာပဲပြန်စိုက်ချင်နေလို့...Jeon မေမေနဲ့လာတိုင်ရခြင်းဖြစ်သည်။

"ကျွန်တော်ကတော့ ဒီအရွယ်လေးနဲ့ဒါတွေကိုမစဉ်းစားစေချင်သေးဘူး။စာကိုတောင်ကောင်းကောင်းလုပ်တာမဟုတ်ပဲ ဒါတွေစဉ်းစားရင် စာမေးပွဲကျဖို့သေချာနေပြီ။ငယ်ငယ်လေးနဲ့လမ်းမှားလိုက်သွားမှာတွေစိုးရိမ်တယ် အန်တီ "

"ဒီကလေးကိုတော့ ဆုံးမမှရမှာပါကွယ်။အန်တီ သူ့အဖေနဲ့ပြောခိုင်းမယ်။Jiminလေးကိုလည်း ပြောခိုင်းရဦးမယ်"

"Jiminလည်း ဒါကိုအလိုလိုက်မှာမဟုတ်လောက်ပါဘူး "

"Jimin လေးက သူ့ကလေးကိုအရမ်းအလိုလိုက်တော့ ဒီတစ်ခါ တားရင်ရနိုင်လောက်ပါတယ်။ယောင်းနဲ့နှစ်ယောက်ဝိုင်းပြောရင် အိမ်က ကလေးလက်ခံနိုင်လောက်ပါတယ်"

"ဟုတ်ကဲ့ အန်တီ "

♡♡♡♡♡♡♡

ကျောင်းပိတ်ရက် Hyung နှစ်ယောက်က ပြောစရာရှိလို့ဆိုပြီး ခြံထဲကဒါန်းပေါ်မှာထိုင်ခိုင်းပြီး...ဘာမှမပြောသေးပဲ လက်ပိုက်လျက်သားနဲ့တရားခံလိုဝိုင်းစိုက်ကြည့်နေကြလို့ မာဖီးယားပေါက်လေးJeonမှာ ကြက်သီးတွေတောင်ထချင်ချင်ရယ်။

"Hyung တို့ကလည်းဗျာ...ကျွန်တော့်ကိုအဲ့လိုဝိုင်းမကြည့်ကြပါနဲ့"

"ကလေးက အသက်ဘယ်လောက်လဲ"

"ဟင် "

စပြောတဲ့စကားက အသက်ဘယ်လောက်လဲတဲ့။Jimin Hyung မေ့ပစ်လိုက်တာတော့မဟုတ်ဘူးမို့လား။

"တစ်...တစ်ဆယ့် ငါးကျော်ပြီ "

"၁၅နှစ်ကျော် ၁၆နှစ်က ကလေးပဲရှိသေးတာလေ"

"ဟုတ်...Hyung ရဲ့ ကလေးလေး လေ"

"Hyungရဲ့ကလေးလေးက ရည်းစားထားချင်နေတာဆို"

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now