မှန်အကြည်ကနေဖြတ်ဝင်လာတဲ့ နေရောင်ခြည်လေးက မျက်နှာလေးကို တိုက်ရိုက်ထိတွေ့လာသည်မို့ Jeonအလိုမကျစွာမျက်ခုံးတန်းတွေကို တွန့်ချိုးလိုက်မိသည်။မျက်နှာပေါ်လက်နဲ့ကာပြီး မျက်လုံးဝိုင်းလေးတွေကိုဖွင့်ကာ သက်တောင့်သက်သာမရှိတဲ့ဆိုဖာပေါ်က ထထိုင်လိုက်သည်။
Hyung ကိုလှမ်းကြည့်တော့...အိပ်ယာပေါ်မှာခွေခွေလေးအိပ်နေတုန်း။မနေ့ညတည်းက Hyungကသတိရတစ်ချက်မရတစ်ချက်နဲ့ ဆရာဝန်လာပြီးဆေးထိုးပေးသွားမှ အိပ်မောကျသွားတာ။
Hyungဆီသွားပြီးနဖူးစမ်းကြည့်တော့ ကိုယ်ကနွေးနွေးသာရှိတော့သည်။တော်သေးတာပေါ့ အဖျားကျသွားလို့။ညတည်းကမိုးစိုထားလို့ လူလည်းနေသာထိုင်သာမရှိတာမို့ စိတ်ပေါ့ပါးသွားအောင် Hyung မနိုးခင် Jeonရေချိုးဖို့ပြင်လိုက်သည်။
Hotelဝန်းအတွင်းဝင်လာသည့် အနက်ရောင်ကားကြီးတစ်စီးက Hotelအရှေ့တွင့်ငြိမ့်ငြိမ့်လေးထိုးစိုက်သွားသည်။ကားပေါ်လာဆင်းလာသည့် ခြေထောက်တစ်စုံက Jeonကားအရှေ့မှာခဏရပ်ပြီး Hotelထဲဝင်လာခဲ့သည်။
သီချင်းတစ်ပုဒ်ကိုခပ်သဲ့သဲ့ညည်းရင်းရေချိုးနေတဲ့ Jeonကတော့ ရေပန်းအောက်မှာသာသာယာယာနှင့်ဆိုသလို ဓာတ်လေကားနဲ့အပေါ်တက်လာတဲ့လူကလည်း အေးအေးဆေးဆေးပါပဲ။
တံဘတ်တစ်ထည်ကို ခါးမှာပတ်ပြီး Jeonကလျှော်ပြီးသားခေါင်းကို တစ်ခြားတံဘတ်တစ်ထည်နှင့်သုတ်ရင်း အပြင်ထွက်လာခဲ့သည်။အပြင်ထွက်ထွက်ချင်း ကုတင်ပေါ်မှာငုတ်တုပ်ထိုင်ပြီး ခေါင်းကိုထိုင်ဖျစ်နေသည့် Hyung။
"Hyung နိုးပြီလား "
"Jeon "
Hyungဘေးမှာဝင်ထိုင်ရင်း Hyungနဖူးပေါ်လက်တင်လိုက်သည်။
"ကိုယ်ကနွေးနေသေးတယ်။ညကထက်စာရင်အဆင်ပြေပါတယ်။ဒီမနက်အလုပ်မသွားနဲ့တော့ အိမ်ပြန်နားလိုက်တော့"
"Jin Hyung ဆီသွားမှာ"
"ကျစ်! ဘာကိစ္စသွားဦးမှာလဲ။ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်စမ်းပါ။အရေးမကြီးတဲ့ကိစ္စတွေ ခေါင်းထဲကထုတ်ထားစမ်းပါ"
"ဒီကိစ္စက ငါ့ဘဝအတွက်သေရေးရှင်ရေးထက်အရေးကြီးတယ် သိလား။ငါ့ဘဝအတွက်..."