Hoseokက အထွက်callရော အဝင်callရောမရှိတဲ့ ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်သည်။Yoongi Hyung ဆိုတာ Jeon မင်္ဂလာပွဲတုန်းက Daddyနဲ့မိတ်ဆွေတွေမို့ မိတ်ဆက်ပေးလို့ ရင်းနှီးတာ။Jeonပြောနေကျမလို့...ဒီအတိုင်း လိုရမယ်ရဖုန်းနံပါတ်တောင်းထားတာ။တစ်ခါမှမဆက်ဖူးသလို အခုလည်းဆက်လိုက်တာမဟုတ်ဘူး။
ဖုန်းကိုထုတ်ပြီးဟန်ပြဆက်လိုက်တာကို ကိုယ့်ကိုဒေါသအပြည့်အစုံတောင်မထွက်နိုင်ပဲ ထွက်ပြေးသွားတဲ့ Jung Kook ဆိုတဲ့ကောင်က မချစ်ဘူးသာဆိုတယ် သိပ်တော့လည်းမတွန့်တိုတက်ဘူးကို။
ငယ်ငယ်တည်းက Jung Kookဆိုတဲ့ကောင်က Jimin shiကို Yoongi Hyungနဲ့ပြိုင်လုလာတိုင်း ကျောင်းကျအကုန်ထိုင်ပြောပြနေကျ။Yoongi Hyungနဲ့ဆို ငယ်ငယ်တည်းကနေ အခုချိန်အထိလုံးဝမတည့်ဘူးတဲ့လေ။
ပါးကမဖြစ်စလောက်ဒဏ်ရာလေးကိုပွတ်သပ်ပြီး Jimin shiကို ပုန်ကန်ဆန္ဒပြဖို့လုပ်နေပြီး...Yoongi Hyung ဆိုတာနဲ့...Jimin shiကိုစိတ်မချလို့ပြေးတာ ပြေးတာ...သူ့မှာ ဆုံးဖြတ်ပြီးပြီဆိုတဲ့ ကောင်မလေးနဲ့တောင်ကောင်းကောင်း မdateနိုင်ရှာဘူး။
Hoseokက Jung Kookအကြောင်းတွေးရင်းတွေးရင်း ရယ်နေရာက အရှေ့မှာထိုင်ပြီး ကိုယ့်ကိုနှုတ်ခမ်းတစ်ခြမ်းကိုက်ကာကြည့်နေတဲ့ အမျိုးသမီးကိုအခုမှသတိရသွားသည်။
အရှက်မဲ့တဲ့ ဂုဏ်သရေရှိအမျိုးသမီးပဲ။Jung Kookကိုမှပြောလို့မရရင် တစ်ဖက်ကိုရအောင်ပြောရမှာပဲ။
"အိမ်ထောင်ရှိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ဒီလိုညမျိုးကို လက်ခံပြီးအတူရှိမနေပေးသင့်ဘူးဆိုတာ...ခင်ဗျားမိဘကဆုံးမ မထားဘူးလား"
Yoon Miနှုတ်ခမ်းတွေက ချက်ချင်းတင်းထန်သွားခဲ့သည်။နှစ်ယောက်ပေါင်းပြီးပျက်နေတဲ့ ချာတိတ်တွေကများ Kim Yoon Miကို ရာရာစစ။Kim Yoon Miကအဲ့လိုပြောခံရမဲ့အတန်းစားထဲကလည်း မဟုတ်ဘူး။ဒေါသတကြီးထရပ်ပစ်လိုက်ကာ...
"မင်းက ဘာမို့လို့လာဝေဖန်နေတာလဲ။ငါ့မိဘက ငါ့ကိုကောင်းကောင်းဆုံးမထားလို့ အသက်ငယ်ငယ်လေးနဲ့ ပျက်စီးနေတဲ့မင်းထက်ပိုပြီး ငါကအဆင့်အတန်းရှိတယ်။ဒီလက်တောက်လောက်လေးနဲ့ ပျက်စီးနေတဲ့ မင်းကိုရော မင်းမိဘက ကောင်းကောင်းဆုံးမ မထားဘူးလား"
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ