အရက်တွေတစ်ခွက်ပြီးတစ်ခွက်ကုန်ကာမှ...ခံစားချက်တွေအမြင့်ဆုံးအထိပွင့်ဟထွက်လာမှ ခေါင်းငိုက်စိုက်ကျပြီး မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျရင်း ယောင်းဖြေမိတာက...
"မချစ်တော့ဘူး။တကယ် မချစ်တော့ဘူး"
အချိန်အကြာကြီးချစ်ခဲ့တာမလို့ မေ့မရခဲ့တာ။မချစ်တော့ဖို့ကြိုးစားရင်းကနေ နာကျင်ရပါများလို့ မချစ်ချင်တော့တာ။အချစ်ဦးမှာရူးခဲ့မိလို့ ရူးခဲ့ရသလောက်အချစ်ဆိုတာ ဘာမှန်းမသိတော့အောင်ဖြစ်နေခဲ့ရတာ။
ခုန်လားမခုန်လားတောင် သတိထားလို့မရတော့တဲ့နှလုံးသားတစ်ခုကို ဦးနှောက်နဲ့ Jeonမဟုတ်တဲ့တစ်ခြားလူဆီ လွှဲပြောင်းပေးဖို့လုပ်နေစဉ်အတွင်းမှာ Jeonက ဒီလိုမေးလာခဲ့ရင် မချစ်တော့ဘူးလို့ တစ်ထစ်ချဖြေလို့ရတယ်မို့လား။
"ယောင်း သေချာလား "
နှစ်ခါမစဉ်းစားပဲ ခေါင်းထပ်ညိတ်ပြသူနဲ့အတူ Jeon လည်းခေါင်းညိတ်မိသည်။ဒါဆို Jeonရင်ခုန်နေတာ ဟိုလူ့ကိုထင်တယ်။ယောင်းအပေါ်ထားခဲ့တဲ့ အချစ်ဆိုတာ လက်ယက်လှမ်းခေါ်လို့မရတော့အောင် ဝေးကွာတဲ့အရပ်မှာ ပစ်ချထားပြီးပြီမို့လို့ Jeon တစ်ချက်တစ်ချက်အကြောင်းပြချက်မရှိ ရင်ခုန်နေတာ အိမ်ကလူကြောင့်ဆိုတာသေချာတာပေါ့။
ယောင်းက Jeonကိုချစ်နေသေးတယ်ထင်မိနေတာ။တကယ်မချစ်တော့ဘူးပဲ။Jeon အရင်တည်းက ယောင်းနဲ့ Jiminကိုခွဲမရအောင်ချစ်ခဲ့မိတယ်။ယောင်းကိုမဆိုသလောက်လေး ပိုတယ်ထင်မိလို့ရွေးချယ်ခဲ့ပေမဲ့ Jiminကိုအချစ်မပေါ့ခဲ့ပါဘူး။
အခုကျတော့ ယောင်းကို သာမာန်ဆိုတဲ့အဆင့်အထိပဲချစ်နိုင်တော့သလို ယောင်းကလည်းJeonကို သာမာန်ထက်မပိုတော့ဘူးမို့ Jeonတို့အချစ်တွေက ပိုတိုးပြီးတန်းညှိလို့မရတော့ဘူး။Jiminကျတော့ ယနေ့ထက်ထိ နာကျင်အောင်ပဲတမင်အရွဲ့တိုက်နေတာ Jeonဘက်က ရင်ထဲကနေနှစ်နှစ်ကာကာမုန်းခဲ့တဲ့အချိန်လည်းမရှိသလို မချစ်တော့ဘူးလို့လည်း တစ်ခွန်းမှမပြောခဲ့ဖူးဘူး။
Jiminကသာ မချစ်တော့တာ...Jeonဘက်က ဒီ့ထက်ပိုပြီး နည်းနည်းလောက် နာကျင်ခိုင်းပြီးတာနဲ့ ပုံမှန်အတိုင်းပြန်ချစ်ပေးမလို့။အခုလိုရင်ခုန်သံတွေပါ ပါလာရင် အချစ်တွေကပိုလှပမယ်လို့ ယုံကြည်ထားမိတယ်။Hoseokပြောသလိုအဖြေရှာကြည့်မယ်လို့လည်း ဆုံးဖြတ်လိုက်မှာမို့...Jeonတို့စိန်ခေါ်မှုကမကြာခင်ပြီးမယ်ထင်တယ်။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ