7💜 (Uni)

2.4K 245 11
                                    

ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီကိတ်တစ်လုံးအား ယူကာ ယောင်း လက်ကိုဆွဲပြီး စာကျက်စားပွဲတွင်နေရာယူသည်။စားစရာရှိရင် ယောင်းလက်ကိုဆွဲခေါ်လာပြီး အတူတူမျှစားခဲ့ကြသည့် ငယ်ငယ်တုန်းကနေ့ရက်တွေကိုတောင်အမှတ်ရမိပါသည်။Park Jiminက ငယ်ငယ်တည်းက မုန့်ဆိုရင် Kim Tae Hyung နဲ့မျှစားရမှအရသာရှိတယ်ထင်သူ။

"စတော်ဘယ်ရီကိတ်လေး။ထယ်ကြိုက်တယ်မို့လား။ငါ ဒါရဖို့အကြာကြီးစောင့်ပြီး တစ်ခါတည်းယူလာခဲ့တာ"

"ကြိုက်တာပေါ့...စတော်ဘယ်ရီနဲ့ပတ်သက်ရင် အကုန်ကြိုက်တယ် "

"အင့်...စားကြည့်"

Jimin ခွံ့ကျွေးသည့်ကိတ်မုန့်တစ်ဇွန်းအား စားလိုက်သည်။စားဖူးသမျှထဲ ကမ္ဘာပေါ်မှာအရသာရှိဆုံးနဲ့အကောင်းဆုံးကိတ်ပေါ့။ဘယ်ဆိုင်ကလည်း ယောင်းမသိဘူး...အရသာရှိတယ်ဆိုတာ Jimin ခွံ့ကျွေးလို့။

"ကျေးဇူးတင်ပါတယ် Jimin "

ရုတ်တရက်ကြီး ကျေးဇူးတင်လာသူကြောင့် Jimin ခေါင်းထဲ question marks တွေအပြည့်နှင့်။

"ရုတ်တရက်ကြီး ဘာလို့ကျေးဇူးတင်တာလဲ ထယ်"

"စတော်ဘယ်ရီတွေအတွက်...ပြီးတော့ မေတ္တာတွေအတွက်ရော "

"ထယ်လေးရာ...အဲ့ဒါ ကျေးဇူးတင်စရာလိုသလား။မဖြစ်မနေကျေးဇူးတင်ချင်တယ်ဆိုရင်...အဲ့အစား ဘာကိစ္စမဆိုငါ့ကိုတိုင်ပင်ရင်ဖွင့်။ငါ့ကိုကျော်ပြီး သူများရင်ခွင်ထဲသွားနေတာ မနာလိုဘူးသိလား "

စတော်ဘယ်ရီတစ်လုံးအား ယူစားရင်းထွက်ကျလာသည့် စကားချိုချိုချဉ်ချဉ်လေးတွေ။Kim Tae Hyung က စတော်ဘယ်ရီထက်အရသာရှိတဲ့စကားလေးကို အရမ်းသဘောကျတာပဲ။

"ဟုတ်ပါပြီ ဗျာ "

ကိတ်မုန်တစ်လုံးကို နှစ်ယောက်အတူစားရင်း...ကုန်ကာနီးတော့ Jimin က တစ်ခုခုကိုပြောဖို့ပြင်နေပြီး မပြောရဲတဲ့ပုံစံမျိုးဖြစ်နေတာ ရိပ်မိတဲ့ ယောင်းကပဲစကားလမ်းကြောင်းဖွင့်ပေးလိုက်သည်။

"ပြောစရာရှိလို့လား Jimin "

"အင်း ထယ်...။ဘယ်ကစပြောရမှန်းမသိလို့"

"အတော်ပဲ...ငါလည်း မင်းကိုပြောစရာရှိတယ်"

"ဟုတ်လား...အဆို ထယ်အရင်ပြော"

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now