"Jeon Jung Kook !!! "
အခုမှ အလုပ်ကပြန်ရောက်လို့သိတယ်။သိသိချင်းဒေါသထွက်ပြီးဆူဖို့စောင့်နေတယ်ဆိုတာ...ဧည့်ခန်းထဲက ခုံမှာအသင့်ထိုင်စောင့်နေတဲ့ Daddyနဲ့ Mommy အပြင်...မိမိအားကယ်တင်မဲ့ Hyungလေးလည်းရောက်နေတယ်ဆိုတာကသက်သေ။
"လာခဲ့ မင်းဒီကို "
Daddy စကားနားထောင်စွာဖြင့် ပြေးကပ်မိသည်က...Hyung ဆီကို။အလိုက်တသိဖက်လာပေးတဲ့ Hyungရင်ခွင်ကိုမှီထားရင်း...ပခုံးပေါ်တင်ထားတဲ့Hyungလက်က လက်ချောင်းသေးသေးလေးတွေကိုဆွဲယူကာ ဖျစ်ရင်းအဆူခံရဖို့စောင့်နေတဲ့ Jeon ပုံစံက...မထီမဲ့မြင်လေး။
"သူများသားသမီးကို လက်ချိုးခဲ့တယ်ဆို!! "
"ဗျစ် ဗျစ် ဗျစ် တောင်မြည်သွားသေးတယ်"
"ဟေ့ကောင်!! "
အော်သံကိုမကြားနိုင်သည့်ပုံစံလို Hyung လက်သေးသေးနှစ်ဖက်အားဆွဲယူပြီး နားကိုပိတ်ထားလိုက်တဲ့ပုံစံလေးကိုကလည်း ဆွဲလွဲရိုက်ပစ်ချင်စရာလေးပင်။
"မင်းက လမ်းဘေးလူမိုက်လားပြောစမ်း။ဒီလောက်ဆိုးသွမ်းနေရအောင်...မင်းကို လမ်းဘေးမှာ မွေးထားလို့လား!! "
"Luxuryဆေးရုံက VVIP အခန်းမှာမွေးလည်း...ဆိုးလို့မရတော့ဘူးလား Daddyရာ"
"မင်းပုံစံကို မင်းပြန်ကြည့်စမ်း။တဖြည်းဖြည်းလူမိုက်ဖြစ်နေပြီ"
"ဟုတ်လား Hyung ကြည့်စမ်း...ကျွန်တော် လူမိုက်ဖြစ်နေပြီလား"
Jimin ရင်ခွင်ထဲကနေ...Jimin အားမော့ကြည့်ရင်း မေးလာသူသည် အဖေဖြစ်သူအားပေါ်တင်မျက်နှာပြောင်တိုက်နေခြင်း။
"ချစ်ဖို့ကောင်းနေတုန်းပဲ "
"အဟွန်း ဟွန်း..."
သဘောတကျထရယ်သူသည်...ခြေထောက်တစ်ဖက်မြှောက်ပြီး မျက်လုံးတွေပိတ်ကျသွားသည်အထိ ကလေးဆန်စွာဖြင့် ချစ်ဖို့ကောင်းလွန်းသည်။
"Jiminလေး...ကလေးအဲ့လောက်အလိုမလိုက်နဲ့ ဒီကောင်လေးကို"
Jeon Mommy ကပြောလည်း...Park Jimin က ထာဝရ Jeon Jung Kook ၏...ဘက်တော်သား။
"ကလေးက ဆိုးပေမဲ့...စည်းလွတ်ဘောင်လွတ် မဟုတ်ပါဘူး အန်တီ။ကျောင်းမှာရန်ဖြစ်တိုင်းလည်း သူ့ဘက်က စမှားတာရယ်လို့မရှိပါဘူး။ဘယ်သူမှ ရန်လာမစရင် အေးအေးချမ်းချမ်းနေတဲ့ကလေးပါ"
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ