Intro💜

11K 343 7
                                    

Uni

အချစ်ဆိုတာ ရင်ဘတ်တစ်ခြမ်းလှုပ်ခတ်ရာကစတင်ခဲ့တာဆိုရင်...ကျွန်တာတော့ နာကျင်ရတာလေးနဲ့စတင်ပါရစေ။ဟုတ်ပါတယ်...ကျွန်တော်စတင်တွေ့ရှိခဲ့တဲ့အချစ်က နှလုံးသားကိုဒဏ်ရာခပ်ပါးပါးလေးတွေ ပေးမဲ့ နာကျင်စရာချစ်ခြင်းလှလှလေး။

Jeon Jung Kook

♡♡

သိပ်ချစ်ပါတယ် ဆိုသော်ငြား...မလိုအပ်တဲ့လူကိုပေးခဲ့မိတဲ့အခါ...ကိုယ်ဟာ ဓာတ်မတည့်တော့တဲ့ဆေးတစ်ပြားလို့ အပြစ်ပယ်ခံရတဲ့ဘဝနဲ့ Expira Date သာသာနေထိုင်ခဲ့ရတဲ့လူတစ်ယောက်။

Park Jimin

♡♡

အချစ်ကို မေတ္တာနဲ့တန်းညှိတဲ့အခါ...ကျွန်တော်ဟာ နှလုံးသား နဲ့ ဦးနှောက်ကြားခဏတော့ဗျများခဲ့ရတယ်။ကျွန်တော် Kim Tae Hyung ပါ...ကျိန်းသေပေါက် ကျွန်တော်က သူများနဲ့မတူတာကိုရွေးချယ်မိလိမ့်မယ်။

Kim Tae Hyung

♡♡

ချစ်ခြင်းမေတ္တာဆိုရင် မင်းခြေလက်သေးသေးလေးတွေနဲ့အစပြုချင်တဲ့ ကို့အတွက်...မင်းသာလျှင် ချစ်စရာ...မင်းသာလျှင်မေတ္တာ...မင်းသာလျှင်အရာအားလုံးပါပဲ။ဒါကမင်းအတွက် အဆိပ်အတောက်ဆိုပေမဲ့ ကို့အတွက်တော့ရစ်မူးလို့ကောင်းစေမဲ့အခါးဓာတ်သေးသေးလေး။

Min Yoongi

♡♡

လိုအပ်သလိုသုံးနေမှန်းသိပေမဲ့ လိုသုံးဆိုတာလေးက မင်းပေးထားတာဆိုတဲ့အသိလေးနဲ့တင် ငါ့မှာပျော်ရွှင်ရတာမျက်ရည်ကျမတတ်ပါပဲ ကလေးရယ်။ဒီလူ့ကို ပျော်လွန်းလို့ မျက်ရည်ကျလုမတတ်အခြေအနေလေးတွေအမြဲဖန်တီးပေးပါဦး။

Kim Seok Jin

♡♡

ပါးချိုင့်ရေးရေးလေးတွေပေါ်တဲ့အထိပြုံးခြင်းကို အေးချမ်းခြင်း ဖြူစင်ခြင်းရယ်လို့ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြလေရဲ့။ဒါပေမဲ့ ကျွန်တော်ပြုံးခဲ့တဲ့အပြုံးမှာ နာကျင်စရာတွေနဲ့ပဲ အက်ကြောင်းထပ်နေခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။

Kim Nam Joon

♡♡

သိပ်မုန်းတယ်မို့လား...အမုန်းခံနိုင်ပါတယ်။အဓိက က ခင်ဗျားမချစ်တော့ရင်ပြီးရော။ကျွန်တော် ချစ်ခဲ့တာကိုတော့ သိနေရင်ခဲ့ရင်တောင် ခဏခဏလျစ်လျူထားပေး။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Onde histórias criam vida. Descubra agora