"ကျွန်တော် Hyung ကို...လက်ထပ်ပါမယ်"
Park Jimin ဆက်ခနဲမော့ကြည့်လာသည်။မယုံနိုင်ခြင်းတရားတွေ မျက်လုံးအိမ်ထဲအပြည့်။ထိုမယုံကြည့်ချင်းတရားတွေလွင့်ပြယ်သွားအောင် Jeon က Jiminမျက်နှာအနားအထိကပ်ကာ ထပ်ပြောလာသည်။
"ကျွန်တော့်ကို Jimin Hyung နဲ့လက်ထပ်ပေးပါ "
"မင်း ရူးနေတာလား! "
Park Jimin က အံကြိတ်ကာတိုးတိုးတိတ်တိတ် ပြောတော့ Jeon က တစ်ရပ်ကွက်လုံးကြားအောင် ပြန်အော်ပြောသည်။
"ဟုတ်တယ်...Jimin shiကိုလိုချင်လွန်းလို့ရူးနေတာ!!"
"Jeon Jung Kook!! "
"ကလေးလေး လို့ခေါ်"
"မင်း သက်သက်လုပ်နေတာ!! "
"ဒေါသထွက်နေတဲ့အသံကြီးနဲ့ မပြောနဲ့"
"မင်း!!..."
"Mommy...Jiminshi က Jeonလေးကို မလိုချင်တိုင်းအနိုင်ကျင့်နေတယ်"
"Park Jimin!! "
Jimin မေမေအော်သံရဲ့နောက် လက်သီးတွေကျစ်နေအောင် ထဆုပ်လိုက်တဲ့လူသား။Jeonလေးကို ထိုးဖို့ပြင်နေပါတယ်ဆိုပြီး...လီစယ်တိုင်လိုက်ရ...ဟမ်း!။
"Jeonလေးက လိမ္မာလိုက်တာကွယ်"
"Jeonလေးက Daddy နဲ့ Mommy စကားကိုနားထောင်တာပါ"
"ဒီလိုလိမ္မာတဲ့ကလေးမျိုးကို မွေးထားချင်တာ"
"မကြာခင်ပဲသားမတ်ဖြစ်တော့မယ် အန်တီကလည်း...သားအရင်းလေးလိုချစ်ပေါ့"
"ဟုတ်ပြီ ဟုတ်ပြီ..."
Jimin မေမေနဲ့ အတိုင်အဖောက်ညီပြနေတဲ့ပုံတွေက မာယာများနေတာဆိုတာသိလေလေ ထပ်ပြီးရိုက်ချင်လာလေလေ။အစောတည်းက စကားမပြောနိုင်အောင်ရိုက်ခဲ့ရမှာ။
"Park Jimin!...ကြည့်စမ်း Jeonလေး ဘယ်လောက်လိမ္မာလဲ...မိဘစကားကိုနာထောင်တာ။မင်း ကလေးလောက်တောင်အသိတရားမရှိဘူးလား! "
"မေမေ! ကျွန်တော် သဘောမတူပဲဘာကိုမှ ဆက်မလုပ်ပါနဲ့။ကျွန်တော် လုံးဝလက်မခံဘူး ပြောပြီးပြီ "
Jimin မေမေက ဒေါနဲ့မောနဲ့ထွက်လာတော့ Jeon Mommy လည်းလိုက်လာသည်။ယုန်သူငယ်လိုအယောင်ဆောင်နေတဲ့ ကောင်လေးက Jiminမေမေလက်ကိုဖမ်းဆွဲထားပြီး...
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ