လူခြေတိတ်တယ်ရယ်လို့မရှိတဲ့နေရာက တီးလုံးသံတွေ Alcohol အနံ့တွေပြန့်နှံ့နေတဲ့ အရက်Barလိုနေရာမျိုးလေ။Jeonသိပ် သဘောကျတဲ့နေရာပေါ့။ခြေတစ်လှမ်းချလိုက်တာနဲ့ ဘဝရဲ့တက်ကြွခြင်းလမ်းစကိုရှာတွေ့လိုက်ရသလို အရာအားလုံးက Jeon ခြေတစ်လှမ်း လှမ်းတိုင်းမှာလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး။
ဆိုင်ရဲ့ထောင့်ကျတဲ့နေရာ Jeonတို့ထိုင်နေကျလိုလို ဝိုင်းမှာတော့ Jeonကလွဲပြီးအကုန်ရောက်နှင့်နေကြပြီ။Jung Hoseok တို့ ကောင်မလေးနှစ်ပွေနဲ့သာယာနေတာများ...Jeon တောင်တစ်ယောက်ချင်းစီပဲတွဲတာ။
"ကိုကို "
Jeonလာပြီဆိုတဲ့နဲ့ Angel ဆိုတဲ့ကလေးမက လက်ဆွဲပြီးအနားခေါ်ထားသည်။အရက်ဆိုတာခွက်ထဲဖြည့်ထားပေးပြီးသား...စီးကရက်ဆိုတာလည်း မီးညှိထားပေးပြီသား။
"ကိုကို...ကိုကို့အမျိုးသားလောင်းနဲ့ဘယ်တော့ လက်ထပ်မှာလဲဟင်"
Jeon ပခုံးပေါ်မှီနွဲ့ပြီး ချွဲပျစ်နေတဲ့အသံနဲ့မေးလာတဲ့ကောင်မလေးက...ကလေးရုပ်ကလေးနဲ့မှ မလိုက် မျက်နှာတစ်ခုလုံးခြယ်သထားတာများ ရဲပတောင်းကိုခတ်လို့။နှုတ်ခမ်းရဲရဲတွေဆိုတာ မိန်းကလေးဖြစ်ပြီး တစ်စက်မှ ဆွဲဆောင်မှုမရှိ။ဆေးဆိုးမထားပဲ နဂိုခပ်ရဲရဲလေးဆိုလည်းတော်သေး။
"ဘာဖြစ်လို့လဲ "
"ကိုကိုက လက်ထပ်ပြီးရင်အခုလိုမလွတ်လပ်တော့ဘူး မဟုတ်လားဟင်။ညတိုင်းဒီကိုလာနေကျကို မလာရတော့ဘူးလားဟင် "
"ဘာလို့ မေးတာလဲ "
ပြန်မဖြေပဲ ခပ်ချေချေရုပ်နဲ့ မေးခွန်းထုတ်နေတဲ့ Jeonက မျက်နှာထားတည်တင်းနေတာတောင် ဒူးထောက်အရှုံးပေးချင်စိတ် ပေါက်လောက်တဲ့အထိ style ကျကျ။
"ဟို...Angel က ကိုကိုနဲ့မတွေ့ရတော့မှာစိုးလို့ပါ"
"ငါက အခု မင်းနဲ့မတွေ့ချင်တော့ဘူး"
"ရှင် "
"တွဲရတာ ရိုးနေပြီ...သွားတော့ "
မိန်းကလေးတစ်ယောက်ကို Jeonက လွယ်လွယ်ကူကူ ပါးစပ်ဖျားလေးနဲ့တောက်ချလိုက်တာ။ချစ်တယ်ဆိုတာလည်းမပြောဖူးဘူး...လက်ကိုင် ခါးဖက်ပြီး အပျင်းအပြေတွဲရုံလောက်ဆိုတဲ့ ဘောင်တစ်ခုထားကာစိတ်ကြိုက်တွဲခဲ့တယ်။ဒါပေမဲ့ ပြတ်ပြီဆိုရင်တော့ Jeonဘက်ကပဲ စပြတ်စဲခဲ့တာတွေချည်း။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ