အခန်းတံခါးလေးကိုခပ်ဖွဖွဖွင့်ပြီး အထဲခေါင်းပြူကာအရင်ကြည့်ရသည်။အလုပ်စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်ပြီးအလုပ် လုပ်နေမှ Jeonအထဲကိုခြေသံခပ်ဖွဖွလေးနင်းပြီးဝင်လာခဲ့သည်။
"Jiminie "
"ဘာလာလုပ်တာလဲ! "
Jeonဆိုရင် နာမည်လေးခေါ်လိုက်ရုံနဲ့ Park Jiminတို့က autoစွာတာ။လာမယ်လို့ဆုံးဖြတ်လိုက်ပြီးတည်းက Jeonမာနတွေကိုအခန်းတံခါးဝမှာ ချိတ်ခဲ့တာမို့ Park Jiminနဲ့မာနပြိုင်ဖို့ စိတ်ကူးမရှိဘူး။လက်ကိုကြည့်တော့ ပတ်တီးကိုဖြစ်သလိုပတ်ထားတာမို့ Jeonက လက်ကိုကိုင်ဖို့ကြိုးစားတော့ ချက်ချင်းရှောင်ဖယ်သွားသည်။
"ထွက်သွား! "
"ဆေးလိမ်းပေးပြီးရင် ထွက်သွားပေးပါ့မယ်"
"မလိုအပ်ဘူး အခုထွက်သွား"
"ခင်ဗျားလက်နာနေတာလေ Park Jimin။ပတ်တီးစီးထားတာလည်း မသေမသပ်နဲ့။ဆေးရောသေချာလိမ်းမထားဘူးမို့လား"
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လဲ။ဒါတွေအကုန်လုံးမင်းကြောင့်ရတဲ့ ဒဏ်ရာတွေ။အနာပေးပြီး ဆေးလာမပေးနဲ့ ငါ့အခန်းထဲက အခုထွက်သွား!"
"ကျွန်တော့်ကြောင့်ရတဲ့ ဒဏ်ရာမလို့ပဲဆေးလာလိမ်းပေးတာ။မထွက်နိုင်ဘူး...ပေးလက်! "
"Jeon Jung Kook!! "
"ကျွန်တော့် လက်ဖောင်းဖောင်းလေးတွေကို ထိခိုက်သွားလို့ဗျာ!!..."
စေတနာဒေါသောနဲ့ ပြန်အအော်ခံလိုက်ရတာကြောင့် CEOကြီးမှာ Jeonကိုမော့ကြည့်လျက် မျက်လုံးအဝိုင်းသားနဲ့။ခပ်ဟဟနှုတ်ခမ်းတွေကို တင်းတင်းပြန်စေ့ပြီး Jeonကိုချက်ချင်းအကြည့်လွှဲပစ်သည်။
"မင်းနဲ့ဘာမှမဆိုင်ဘူးမို့ သွားတော့ "
အနားကခုံတစ်လုံးကို ဆွဲယူပြီးထိုင်ကာ Jiminလက်ကိုဆွဲယူပစ်လိုက်တဲ့ Jeonက Park Jiminဘာပြောပြောဂရုစိုက်နေမှာ မဟုတ်။
"ငါ့ မြတ်နိုးတဲ့ ဖောင်းဖောင်းလေးတွေ...သနားပါတယ် "
ယောင်ကိုင်းပြီးပေါက်ပြဲနေတဲ့ လက်ဖောင်းဖောင်းလေးတွေကို မထိရက်မကိုင်ရက်လက်ညှိုးလေးနဲ့တို့ထိပြီး ပြောနေတဲ့ Jeonကြောင့် Jiminမှာဘာဆက်ပြောရမှန်းမသိတော့သလို နာလွန်းနေတဲ့လက်ကြောင့် ရုန်းထွက်ဖို့လည်းမတက်နိုင်ခဲ့။