အလုပ်သာဆက်လုပ်ဖို့ ပြင်ခဲ့ပေမဲ့...အာရုံတွေက နှုတ်ဆက်ထွက်ခွာသွားတဲ့ ကောင်လေးအနောက်ကို ပါသွားတဲ့အခါ Park CEOကြီးက အလုပ်တွေမပြီးမှာလည်း မပူနိုင်တော့ဘူး။မနက်ဖြန် နိုင်ငံခြားဧည့်သည်တွေနဲ့ အရေးကြီးအစည်းအဝေးရှိတာလည်း စိတ်မဝင်စားနိုင်တော့ဘူး။
ကားသော့ကိုယူပြီး အရှေ့ကထွက်ခွာသွားသည့် ကားအနောက်ကိုသာ ခပ်လှမ်းလှမ်းမှနေ၍ ထပ်ကျပ်မကွာမောင်းလိုက်လာခဲ့သည်။
ဘာစကားတွေပြောသွားမှန်း အတိအကျမသိပေမဲ့...အဲ့ကလေးလေး တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ ရင်ထဲအလိုလိုရောက်လာမိတဲ့ ဇောတွေနဲ့ Park CEO ကြီးက...အရှေ့ကမောင်းထွက်သွားတဲ့ ကားမီးအနီရောင်သဲ့သဲ့လေးကိုသာ မျက်ခြေမပျက်စောင့်ကြည့်နေခဲ့သည်။
Kim Yoom Mi ကုမ္ဗဏီအရှေ့မှာ ကားကိုအကြာကြီးရပ်ထားတဲ့အထိ Jiminစောင့်ကြည့်နေမိသည်။Kim Yoon Miထွက်သွားတာနဲ့ တစ်ဆက်တည်းအနောက်မှလိုက်ထွက်သွားသည့် Jeonကားနှင့် မလှမ်းမကမ်းမှ Jiminလည်းမောင်းလိုက်လာခဲ့သည်။
တစ်ဖြည်းဖြည်းအရှိန်မြန်လာသည့်ကားကို လှမ်းကြည့်ပြီး မကောင်းတဲ့အငွေ့အသက်တွေရနေပေမဲ့...ဒီလိုလုပ်လိမ့်မယ်မထင်လို့ Jimin မတားမိခဲ့ဘူး။အကယ်၍ Jiminသာ မသွားခင်ကပဲဖြစ်ဖြစ်...အခုချိန်ဖုန်းခေါ်ပြီးတော့ဖြစ်ဖြစ် တားနိုင်ခဲ့ရင် Jeonကားလေးက Jiminမျက်စိအရှေ့မှာတင် အဲ့လောက်အထိပျက်ပျက်စီးစီးဖြစ်သွားခဲ့မှာ မဟုတ်ပါဘူး။
ထိုနည်းတူစွာ...
ကားသော့လေးကိုလှည့်ပြီး ထိုကောင်လေးက ပေါ့ပေါ့ပါးပါးထွက်သွားတယ်ဆိုပေမဲ့ Joonမှာ ရင်လေးပြီးကျန်ခဲ့ရတာမို့ ထိုကောင်လေးထွက်သွားတည်းက အနောက်ကနေထပ်ကျပ်မကွာ လိုက်ခဲ့တာပါ။
ထပ်ကျပ်မကွာလိုက်နေတဲ့ကြားထဲက အရှိန်တွေမြန်သထက်မြန်လာတဲ့ ကားလေးကို ဖမ်းလို့မမှီနိုင်ခဲ့တဲ့ကိုယ်က သေလောက်အောင် အဖြစ်မရှိတဲ့လူ။
ရစရာမရှိအောင်ပျက်စီးချို့ယွင်းသွားတဲ့ ကားထဲကနေ တစ်ကိုယ်လုံး သွေးအလိန်းလိန်းနဲ့ကောင်လေးကို ဆွဲထုတ်လာမှ ပြေးပွေ့ပြီး ချုံးပွဲချငိုဖို့တတ်ခဲ့သည်။