Jeon စဉ်းစားရခဲ့သလားဆိုရင် စဉ်းစားမရခဲ့ပါဘူး။ချစ်တာကချစ်တာ...ပိုင်ဆိုင်ချင်တာကပိုင်ဆိုင်ချင်တာဆိုတာကို Jeonကောင်းကောင်းခွဲထားပုံရသည်။
"ပိုင်ချင်တော့ရော ဘာဖြစ်လဲ...မရဘူးလား "
"နှစ်ယောက်စလုံးကို လက်ထပ်ယူမယ်လို့...ဆုံးဖြတ်ထားလို့လား မင်းက "
Min Yoongi က ခနဲ့အပြုံးနဲ့မေးတော့...Jeonက မထီမဲ့မြင်ပြန်ဖြေလာသည်။
"နှစ်ယောက်စလုံးကို ရှာကျွေးနိုင်လို့...နှစ်ယောက်စလုံးကိုအပိုင်ယူမှာ! "
ယောင်း မျက်နှာဟာ တင်းခနဲ။ထပ်ရိုက်ပစ်ချင်တဲ့စိတ်တွေကို မနဲထိန်းပြီး...ထိုနေရာမှထွက်လာခဲ့သည်။ဆက်နေရင် ပွဲဆက်က Kim Tae Hyung နဲ့ Jeon Jung Kook ဖြစ်တော့မှာ။
ဒီလောက်ဆိုရင် Jeon Jung Kookကိုဆိုးတယ်ဆိုတာထက်ပိုပြီး ရိုင်းတယ်လို့ခေါင်းစဉ်ပြောင်းတပ်ရတော့မယ်။
"ယောင်း! "
"ညနေ Hyung နဲ့ပေးမတွေ့ရင်...ခင်ဗျား သေပြီပဲ "
"ဟက်!!"
ထယ့် အနောက် ပြေးလိုက်သွားတဲ့ Jung Kook ကိုကြည့်ပြီး ရယ်မိပြန်သည်။အခုလိုဆိုးသွမ်းပုံမျိုးတွေကိုမပြင်ရင် တစ်ဖြည်းဖြည်းဆုံးရှုံးလိုက်လာမဲ့ မေတ္တာတွေကိုတွေးပြီး ရယ်ချင်သည်။Yoongi လှောင်တာလားဆိုရင်...ဟုတ်တယ် လှောင်တာ။အမြဲနိုင်နေတဲ့ ကောင်လေး ရှုံးဖို့လမ်းမြင်လို့ လှောင်တာ။
.
.
.
မတွေ့ရတာ သုံးရက်လောက်ကြာတော့ Jeon Jung Kook တော်တော်တင်းသွားခဲ့ပြီ..."Park Jimin shi!!! "
အိမ်ထဲ တဒုန်းဒုန်းဝင်လာပြီးတစ်အိမ်လုံးကြားအောင် အော်ခေါ်နေတဲ့ ကောင်လေးကို Min Yoongi လည်းတော်တော်တင်းနေပြီဖြစ်သည်။
"ခင်ဗျား Hyungကိုဖွက်ထားတာမို့လား!! အခုချက်ချင်း ထုတ်ပေး!! "
"မထွက်ချင်လို့ထွက်မလာတာကို...ဘာကိစ္စ ငါကဖွက်ထားရမှာလဲ"
"ခင်ဗျား လိမ်နေတာ! "
"မယုံလည်း မတက်နိုင်ဘူး!"
"တောက်!! "
Jeon ကတောက်တစ်ချက်ကိုပြင်းထန်စွာခေါက်ပြီး...အိမ်ပေါ်ထပ်ကိုဒုန်းဆိုင်းတက်သွားသည်။Yoongiလိုက်ကြည့်မနေတော့ပါဘူး။Minက တံခါးဖွင့်မပေးမှာသေချာနေလို့။
VOCÊ ESTÁ LENDO
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanficJikook = မောင် + သက်ဆိုင်သူ