26💜 (Uni)

2.7K 242 9
                                    

အခန်းထဲဒုန်းဆိုင်းပြေးဝင်လာပြီး ယောင်း မျက်နှာကိုဆွဲယူပြီး နမ်းဖို့ပြင်လိုက်သည့်Jeon...

အနားတိုးကပ်သွားမိတိုင်း လှလှပပတည်ရှိနေတဲ့ အသည်းပုံနှုတ်ခမ်းတွေက လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းကဆွဲဆောင်မှုမရှိတော့တာ အခုချိန်အထိတစ်စက်မှလျော့မသွား။တစ်ခြားတစ်ယောက်နဲ့ထပ်တူကျပြီးသား နှုတ်ခမ်းတွေကိုပြန်မြင်လာတိုင်း ဆက်မကြည့်နိုင်အောင် မျက်နှာလွှဲချမိသည်။

နုနယ်တဲ့တစ်ခါက နက်နက်နဲနဲနာကျင်နေရချိန် မြင်တွေ့ခဲ့ရလို့ပါဆိုပြီး စိတ်တွေကိုဖာထေးက ယောင်းကို ကုတင်ပေါ်လှဲချပြီး လည်တိုင်တွေကိုပြောင်းနမ်းဖို့ပြင်ခဲ့သည်။

အတင်းရုန်းကန်နေတဲ့လက်တွေကို အိပ်ယာခင်းနဲ့ဖိကပ်ပြီး အတင်းအကျပ်ဖိကပ်နမ်းဖို့ကြိုးစားခဲ့ပေမဲ့ Jeonနှုတ်ခမ်းတွေက ယောင်းလည်တိုင်ပေါ်မှာလုံးလုံးခစားလို့မရခဲ့...။

တဆက်ဆက်တုန်ယင်နေတဲ့ ကိုယ့်နှုတ်ခမ်းတွေကို အကြောင်းပြချက်မရှိ နာနာသာဖိကိုက်မိခဲ့ပြီး...မတည်မငြိမ်တဲ့စိတ်တွေကြားမှာ ယောင်းမဟုတ်ပဲ...Park Jiminက ပေါ်လိုက်ပျောက်လိုက် ။

ခေါင်းတွေကို ခါထုတ်ပြီး...မျက်လုံးစုံမှိတ်ကာ လည်တိုင်တွေအနားပြန်ကပ်ပေမဲ့လည်း လည်တိုင်ရဲ့မွေးညင်းလေးကိုပင် ထိအောင်မကပ်နိုင်ခဲ့ပါဘူး။စုံမှိတ်ထားတဲ့မျက်လုံးအိမ်ထဲ Park Jiminရဲ့လည်တိုင်ဖွေးဖွေးလေးတွေကသာ နေရာအပြည့်ယူထားခဲ့ပြီး...မဟုတ်တာတွေတော်လိုက်တော့ဆိုတဲ့ ဦးနှောက်ကလည်း Park Jiminတစ်ယောက်လုံးကိုကိုယ်ထင်ပြပြီး တားလာတာမို့ Jeonမှာ  တောက်! ကျယ်ကျယ်တစ်ချက်ကိုသာ ခေါက်နိုင်ခဲ့ပြီး...ယောင်းအပေါ်ကဖယ်လိုက်ကာ ကုတင်ပေါ်စိတ်ပျက်လက်ပျက်နဲ့ထိုင်ချပစ်လိုက်သည်။

"တောက်!! "

Jeonရဲ့ ရုတ်တရက်ဆန်တဲ့အပြုအမူတွေကြား ယောင်းကအထိတ်တလန့်နဲ့ အတင်းတွန်းလှန်ငြင်းခဲ့ပေမဲ့လည်း Jeonက ယောင်းစိတ်တိုသွားမိသလို မဟုတ်ပဲ ဘေးမှာခေါင်းငိုက်စိုက်ကျပြီးထိုင်ချလိုက်တာမှ စိတ်ပျက်လက်ပျက်။မျက်နှာကိုလက်ချောင်းရှည်တွေနဲ့ နဲ့အုပ်ကိုင်ပြီး ဘာတွေကိုဒီလောက်စိတ်တိုလာခဲ့လို့လဲ။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now