14💜 (Uni)

2.7K 238 6
                                    

"မင်း ဘာဖြစ်ချင်လဲ...ငါ့ကိုပြော Jimin"

Jeonလေးကို ချစ်နေတာပဲ လက်ခံလိုက်ပါလို့ ပြောမယ်ထင်ထားပေမဲ့ ထယ်ကထိုသို့လမ်းစဖွင့်ပေးသည်။Park Jiminဘာဖြစ်ချင်သလဲ အလွယ်တကူပြောလိုက်ရုံသာ။

"Jeonလေးက မင်းကိုပဲလိုချင်တာလေ ထယ်"

"ဆက်မပြောနဲ့တော့ မင်းဘာပြောမလဲ ငါသိတယ်။ငါလည်း Jeonလေးကိုမလိုချင်သလို...Jeonလေးကလည်း ငါ့ကိုမလိုချင်ဘူး"

"မဟုတ်ဘူး...သူလိမ်ပြောနေတာ"

"လူကြီးတွေအားလုံးအရှေ့မှာ မင်းကိုလိုချင်တဲ့အကြောင်းတွေပဲ သူပြောခဲ့တာ Jimin"

"အဲ့ဒါလည်း လိမ်နေတာ "

"ငါ့ကို ပေးဖို့ကလွဲပြီး...မင်းဘယ်လိုဖြစ်စေချင်လဲ"

"ငါ သူနဲ့လက်မထပ်ချင်ဘူး...မေမေ့ကို ကူပြောပေး"

"လူကြီးတွေက မင်းခေါင်းညိတ်အောင် ငါ့ကိုကူပြောခိုင်းထားတာ"

"မင်း ဘယ်သူ့ဘက်က ပါမှာလဲ"

နှုတ်ခမ်းလေးဆူပြီးမေးလာတော့...ယောင်း က သဘောတကျရယ်မိသည်။ဒီအပြုအမူလေးတွေကို လွမ်းနေတာ နာရီဘယ်လောက်ကြာပြီလဲ။

"ငါလား...ဖြစ်သင့်တာကိုပဲ ဦးစားပေးမှာပါ"

"ငါ့ဘက်ကပါနော် ထယ်။စတော်ဘယ်ရီတွေအများကြီး ဝယ်ကျွေးမယ်သိလား"

ယောင်းက သဘောတကျပြုံးသည်။စတော်ဘယ်ရီတွေနဲ့ဆွယ်ပြန်ပြီ ဒီအရူးလေး။ယောင်း ဖြစ်သင့်တာကိုပဲဦးစားပေးရွေးချယ်ခိုင်းမှာပါ။Jiminအတွက်ဆိုရင် ယောင်းအတွက်အရေးပါသလိုမျိုးမို့ Jiminရွေးချယ်မှုအတွက် ယောင်း ကောင်းကောင်းဆုံးဖြတ်ပေးမည်။

တစ်ခါတစ်လေ ယောင်းတွေးမိတယ်။Jeonလေးကိုသာ နှစ်ယောက်ပြိုင်ပြီးသဘောမကျဖြစ်ကြရင်...ပြိုင်သဘောကျကြမှာ အချင်းချင်းဖြစ်ဖို့များတယ်လို့။

Jimin နဲ့ ယောင်း က...အတူနေ အတူစား အတူသွားလာပြီး တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတယ်။စိတ်ဆိုးတယ်...စိတ်ကောက်တယ်...ဝမ်းနည်းတယ်...ခံစားရတယ်...ချစ်သူမဟုတ်တာလေးတစ်ခုပဲ။

သူများအမြင်မှာ တကယ့်အတွဲတွေလို့ထင်နိုင်လောက်စရာအထိ မေတ္တာတွေလွန်ကဲခဲ့ကြတာ။Jiminလည်းသိတယ်...ယောင်းလည်းသိတယ်။ဒါပေမဲ့ဆက်ချစ်ခဲ့ကြတယ်...အများ မြင်ရခဲတဲ့ Friendshipတစ်ခုအနေနဲ့။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now