သေသွားရင်တောင် မကျွတ်လွတ်စေချင်တာမျိုးလား။
"Jeon!! မဖြစ်ဘူး!! "
အခန်းထဲက Jiminရဲ့ အော်ဟစ်ငိုယိုတွေကြားတဲ့အခါ အပြင်က အမေဖြစ်သူတွေက ချက်ချင်းပြေးဝင်လာခဲ့ကြသည်။
"ဟင်!! "
Jiminမေမေက Shockရပြီး နေရာမှာတင် ဒူးထောက်လဲကျသွားပေမဲ့ Jeon Mommyကတော့ ရပ်တန့်သွားတဲ့လောကကြီးထဲ အသိစိတ်မရှိတော့တဲ့လူလို ဘာကိုမှမတွေးမိတော့ပဲ Jeonဆီကိုသာ ဦးတည်သွားခဲ့ပြီး...Jeonလည်ပင်းတစ်နေရာမှာ ပမ်းထွက်နေတဲ့ သွေးတွေကိုတိတ်သွားအောင် အရူးကြီးတစ်ယောက်လို ဖိပိတ်နေခဲ့သည်။
"သား! သားငယ်လေး!!။ Mommy ခေါ်နေတာပြန်ထူးပါဦးကလေးရယ်!!...သား!!..."
အမေဖြစ်သူရဲ့ မျက်ရည်စက်တွေပါးပေါ်ထပ်နေအောင် ကျနေခဲ့လည်း Jeonကငြိမ်သက်သွားခဲ့ပြီဖြစ်သည်။အကြောများစွာအား ထိုးစိုက်ခံလိုက်ရလို့ ပါးစပ်နဲ့လည်ပင်းကနေ သွေးတွေအဆက်မပျက်အောင် လျှံကျနေတာကလွဲရင် Jeonခန္ဓာကိုယ်မှာ ဘာတုံ့ပြန်မှုမှ ကောင်းကောင်းမရှိတော့။
"သားငယ်ရေ...Mommyကိုကြည့်ပါ့ဦးလို့!! "
အရူးတစ်ပိုင်းလို့ မိခင်ဖြစ်သူကအော်ဟစ်ငိုယိုနေခဲ့တာကို လူတိုင်းကြားပြီး အခန်းထဲအပြေးအလွှားဝင်လာကာ လူနာကို Operation အခန်းထဲသယ်ထုတ်သွားကြပေမဲ့...သွေးတွေနဲ့ပေကျံနေတဲ့ လူမျက်ရည်ကျနေခဲ့တာကိုတော့ ဘယ်သူမှမမြင်နိုင်စွာတွန်းဖယ်ပစ်လိုက်တဲ့အခါ ထိုလူက ကြမ်းပြင်ပေါ်မှာထိုင်လျက်သား ပစ်စလက်ခတ်လဲကျသွားခဲ့သည်။
တွန်းချသူက တစ်ခြားလူမဟုတ်ပဲ Park Jiminမေမေ ပါပဲ။ဒါကိုလည်းအရေးမစိုက်နဲ့ပဲ အနားကဖြတ်သွားတဲ့ဆရာဝန်တစ်ယောက်ရဲ့ Duty coatကိုဆွဲထားပြီး Park Jiminက အရူးမီးဝိုင်းလို ကြောက်ရွံ့တကြီးတောင်းဆိုလာခဲ့သည်။
"Jeon!! Jeonကို ကယ်ပေးပါ!! "
"Jimin...စိတ်ကိုထိန်းဦး "
Jiminကိုအရေးတယူပြန်ဆက်ဆံလာတာ Seokjin Hyungကလွဲရင် ဘယ်သူဖြစ်နိုင်မှာလဲ။
"Hyung! Hyung!...Jeonလေးကို ကယ်ပေးပါနော်။ကျွန်တော့်ယောကျ်ားကို ကယ်ပေးပါHyungရယ်နော်။ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်ယောကျ်ားအသက်ကို ကယ်ပေးပါ!..."