15💜 (Uni)

2.9K 260 10
                                    

ဧည့်သည်တွေကိုသာ လိုက်နှုတ်ဆက်နေရပေမဲ့ နှစ်ယောက်သားက လူလစ်ရင်လစ်သလို တကျက်ကျက်နှင့်ရန်ဖြစ်တတ်သည်။စေ့စပ်ပွဲမှာရန်ဖြစ်တဲ့ အတွဲရယ်လို့မမြင်ဖူးရင် Jeon နဲ့ Jimin ကိုသာကြည့်။

"မသွားချင်တော့ဘူးလို့ ပြောနေတယ်လေ!"

"မင်္ဂလာဆောင်ကျရင် ဒီ့ထက်ပိုနှုတ်ဆက်ရဦးမှာလိုက်ခဲ့!"

Jeon က Jiminကိုလူသိရှင်ကြားပိုင်ဆိုင်ရတာ သိပ်သဘောကျဟန်တူပါသည်။Jeon တမင်သက်သက်ပညာပြချင်လို့ ပိုင်ဆိုင်ရတာကို ပျော်တာထက်...ဒီလူသားကို Jeonပိုင်ဆိုင်ရလို့ တစ်လောကလုံးရှေ့မှာဂုဏ်ယူပြရတာကို ပျော်တာဆိုပိုမှန်ပါလိမ့်မည်။

"Jimin "

"ဟင်...ထယ် "

Seokjin Hyung နဲ့အတူပွဲတက်လာတဲ့ ထယ့်ကို လူမှားတာလို့ထင်ချင်ပေမဲ့ တကယ်ပဲအရှေ့မှာရပ်နေတာ Jin Hyung နဲ့ ထယ်။

ယောင်း တို့ကို့မြင်တာနဲ့ Jeonက Jiminပခုံးကိုဆွဲဖက်လိုက်သည်။ယောင်းထက် ပိုသည်းပြဦးမယ်တွေ ပြောခဲ့တယ်မို့လား။ယောင်းနဲ့ Seokjin ရဲ့ တစ်သီးတစ်သန့်ဖြစ်နေပုံကိုကြည့်ပြီး Jeonငယ်က...

"စုံတွဲဆိုတာ ဒီလိုနေမှ...စုံတွဲအစစ်"

Jiminပခုံးကိုဖက်ပြီး ရင်ဘတ်တွေထဲဆွဲအပ်လိုက်တဲ့ပုံက တစ်ဖက်လူတွေကိုလှောင်တာဆိုရင်တောင် အပိုOverများလွန်းသည်။

"ဘယ်လို ဖြစ်နေတာလဲ"

"Jiminလေး ကလဲကွာ "

ယောင်းက ဘာမှမပြောဖြစ်ပေမဲ့...ယောင်းအမြင် လိုက်ဖက်တဲ့ စုံတွဲဆိုတာထက်ပိုတာပေါ့။Jiminကို ပိုင်ဆိုင်ရတဲ့အတွက် Jeonကံကောင်းသလို...Jeonကိုပိုင်ဆိုင်ရလို့ Jiminလည်းကံကောင်းမှာပါ။ဘယ်သူ့ကိုမှမပိုင်ဆိုင်ရတဲ့ ယောင်းတစ်ယောက်တည်းကသာ ကံဆိုးသူ။

Jin Hyung က လက်တွေကိုဆုပ်ကိုင်လာတော့ ယောင်းက ထိုနေရာကရှောင်ထွက်ဖို့ပြင်သည်။Jeonဆိုတာလေးနဲ့ ကြာကြာမျက်နှာချင်းဆိုင်ရင် ပွဲထဲမှာပွဲထပ်ဖြစ်နိုင်တယ်မို့လား။

"Jimin ငါ...အန်တီတို့ဆီသွားလိုက်ဦးမယ်"

"လိုက်ပို့ရမလား ထယ်"

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Donde viven las historias. Descúbrelo ahora