Yoongi က လိမ္မော်သီးဖျော်ရည်ခွက်လေးရှေ့ချပေးတော့ မသောက်ပဲငေးကြည့်နေတဲ့ Park Jimin က...စောနက ဖျော်ရည်တိုက်ခိုင်းတာ သူမဟုတ်တော့သလို။
"အဆင်ပြေရဲ့လား Min"
"ငိုချင်တယ် ငိုမရဘူး"
"ဒါဆိုရင် မငိုနဲ့တော့ "
ကျိန်းသေပေါက် မျက်ရည်တွေကုန်ခမ်းသွားမှာပေါ့။ဒီလိုထူထူထောင်ထောင်ဖြစ်လာဖို့ Yoongi ဘယ်လောက်ဂရုစိုက်ပေးခဲ့ရလဲ။မျက်ရည်ကျရုံ ဝင်သက်ထွက်သက်ရှိနေရုံနဲ့ အသက်ရှိနေသေးတယ်ဆိုတာ အတည်ပြုခဲ့ရတဲ့အချိန်တွေမှာ မလှုပ်မယှက်ခန္ဓာကိုယ်လေး အရမ်းဆိုးရွားမသွားအောင် မနည်းဂရုစိုက်ခဲ့ရတာ။
တော်သေးတာပေါ့...ပြန်ကောင်းလာတဲ့လက္ခာတွေထဲ နူးညံ့နေရာကနေ မာမာထန်ထန်နှလုံးသားတွေပါလာခဲ့လို့။Min Yoongi ကပြောင်းပြန်...နူးညံ့နေမှသဘောကျမှာမဟုတ်ဘူးလားဆိုရင်...မဟုတ်ဘူး နူးညံ့လွန်းရင်အရည်ပျော်သွားမှာစိုးလို့။
"Hyung "
"အင်း ကလေးပြော"
"ရင်ဘတ်တွေနာနေတုန်းပဲ "
"အဆင်ပြေသွားမှာပါ ။ ထယ်လေးနဲ့ရော တွေ့ပြီးပြီလား"
"အင်း ။ ထယ်အရမ်းငိုနေတာ...မျက်ရည်တွေ မသုတ်ပေးခဲ့ရဘူး။ထယ် စိတ်ဆိုးမှာလားမသိဘူး"
"ထယ်လေးက ကလေးကိုဘယ်တုန်းကစိတ်ဆိုးဖူးလို့လဲ"
ဟုတ်ပါရဲ့...ထယ် ဘယ်တုန်းက ကိုယ့်ကိုစိတ်ဆိုးဖူးလို့လဲ။ဒါဆို ကိုယ်အခုလုပ်ခဲ့တဲ့အေးစက်စက်ပုံစံကိုရော ထယ်ကဘယ်လိုတွေးနေမလဲ...။
ရက်အတော်အကြာ အခန်းထဲအောင်းပြီး ကြိတ်ငိုကြိတ်ခံစားခဲ့ရတဲ့အချိန်တွေမှာ Park Jimin က Kim Tae Hyung ကို တောင်းပန်ဖို့ပုံစံအမျိုးမျိုးကို တစ်ယောက်တည်းလေ့ကျင့်တယ်။
ရင်ခွင်ထဲဝင် ခေါင်းတိုးချွဲပြီးတောင်းပန်ရမလား...အရူးလို့အော်ဟစ်ငိိုယိုပြီးတောင်းပန်ရမလား...ဘယ်လိုနည်းနဲ့တောင်းပန်ရမလဲ သရုပ်ဆောင်တစ်ယောက်လို ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်လေ့ကျင်ခဲ့တာ။
ဒါပေမဲ့ အပြီးသတ်မှာ သဲထဲရေသွန်သလို...ထိုင်ငိုချပြီးအဆုံးသတ်သွားရတာချည်း။မငိုလို့မရဘူးလားလို့လေ။ရင်ဘတ်တွေတကယ်မခံနိုင်တော့ဘူး။Park Jiminနှလုံးအားနည်းရာကနေ နှလုံးရောဂါရသွားတော့မှာ။