31💜 (Uni)

2.8K 210 10
                                    

/Hyung...ကျွန်တော် အခုHyung အိမ်ရှေ့မှာ။Hyungနဲ့ စကားပြောချင်လို့။Hyungမလာမချင်း မပြန်ဘူး/

စာတစ်ကြောင်းပို့ပြီး ကားထဲထိုင်စောင့်နေတဲ့ Kim Tae Hyung က တကယ်လိုထွက်မလာမချင်းစောင့်မဲ့ပုံစံ။ပို့ထားတဲ့Messageလေးက 10minutes agoဖြစ်သွားပေမဲ့ တိုက်အိမ်အမြင့်ကြီးနဲ့ခြံတံခါးဝကို လှမ်းစိုက်ကြည့်နေတဲ့ ယောင်းမျက်ဝန်းညို့ညို့လေးတွေကတစ်ချက်ကလေးမှ အရောင်ညှိုးကျမသွားသေးပါ။

ကျိန်းသေပေါက်ထွက်လာလိမ့်မယ်လို့ ယောင်းကယုံကြည်သည်။Hyung အလျှော့ပေးအလိုလိုက်ခဲ့တာ မှန်သမျှက အခုချိန်မျိုးတွေမှာလာပြီး ယောင်းအပေါ်အကျိုးသက်ရောက်စွာ ယုံကြည်မှုအားတွေ သိပ်ပြင်းထန်နေခဲ့သည်။

နာရီလက်တံလေးတွေ တစ်ဖြည်းဖြည်းရွေ့လျားသွားသလို တဖွဲဖွဲကျလာတဲ့မိုးရေစက်တွေက ကားမှန်ရဲ့နေရာအနှံ့မှာမို့ ယောင်း ပတ်ဝန်းကျင်ကိုအကဲခတ်မိသည်။ကောင်းကင်ပေါ်ကတိမ်စိုင်တွေက ယောင်းရင်ထဲမှာပြိုတော့မဲ့ မိုးတွေလို နေရာအနှံ့မှာ ညှို့မှိုင်းနေခဲ့သည်။

မျက်လုံးထဲ မိုးပေါက်ကလေးတွေပုံမှန်ကျဆင်း လာတဲ့နဲ့အတူ ခြံတံခါးဝကနေထီးလေးစောင်းပြီး ထွက်လာတဲ့ အဖြူရောင်အရိပ်ကလေးကြောင့် မဆီမဆိုင် မိုးကိုကျေးဇူးတင်မိသည်။ယောင်း ပြောပါတယ် ထွက်လာမှာပါလို့။

တွေ့ချင်ဇောတွေနဲ့မိုးကျနေတာ ဘာညာမသိ...ကားထဲကထွက်ပြီး အနားရောက်လာတဲ့အရိပ်ကလေးကို ပြေးဖက်လိုက်သည်။အနည်းငယ်သည်းလာတဲ့ မိုးရေထဲမှာ အားနဲ့ပြေးအဖက်ခံရတဲ့ ထီးပိုင်ရှင်ကလေးကြောင့် ထီးကလေးကယိုင်နဲ့နဲ့ရယ်။

အနီးကပ်ဆုံးအနေအထားလေးမှာ ယောင်းရင်တွေကိုအတိုင်းအဆမရှိခုန်စေတဲ့ အေးချမ်းခြင်းလေးက အေးချမ်းစွာနဲ့ မျက်အိမ်ကလေးတွေရဲလို့။မိုးရေတွေက နေရာအနှံ့မှာစိုစွတ်နေသလောက် မျက်အိမ်လေးတွေက ခြောက်ကပ်ကပ်ရယ်။

"Hyung "

"ဘာလို့လာတာလဲ ထယ်"

"Hyung နဲ့ စကားပြောချင်လို့ပါ"

"Hyung တို့ ထပ်မပတ်သက်တော့ဘူးလေ"

"ကျွန်တော် Hyung နဲ့မပတ်သက်ရပဲ မနေနိုင်ဘူး။ကျွန်တော့်ကို ဒီလိုမလုပ်ပါနဲ့"

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Donde viven las historias. Descúbrelo ahora