"Park Jimin!!! "
ကျိန်းသေပေါက် Jeonပေါ့။ဘယ်သူမှအသိမပေးပဲ ထွက်လာခဲ့တာကိုတောင်မှ သိဖြစ်အောင်သိလိုက်သေးတယ်။တရှူးရှူးဒေါသတွေထွက်လာပုံက Jiminဒီကနေ အေးအေးဆေးဆေးထွက်ခွာသွားရမဲ့ပုံမပေါ်။
"ခင်ဗျား ဘာစောက်ချိုး ချိုးပြန်ပြီလဲ!! "
"Public area ကြီးမှာ...အေးအေးဆေးဆေးပြောစမ်း Jeonလေး"
"Park Jiminshii!! "
ဟိန်းခနဲနေအောင် ထပ်ထွက်လာတဲ့အော်သံက ယောင်းစကားကို နားမယောင်ကြောင်းသက်သေ။Jeonစိတ်ထဲ အခုချိန်မှာ...Park Jimin ပြီးရင် Park Jimin သာရှိသည်။
"ငါ့ကို လာမအော်နဲ့!! "
"ဘာစောက်ချိုးလဲ အခုရှင်း!!"
"ငါ့သဘောနဲ့ ငါသွားတာလေ...ဘာကိုရှင်းရမှာလဲ!"
"ဘာမှမရှင်းပဲ ထွက်သွားလို့ရမလား!!"
"Jeonလေး! ပြောနေရင် တစ်ခွန်းနဲ့ရ!! "
Kim Tae Hyung က ဝင်ဆူတော့ Jeonက...သူစိမ်းဆန်သလိုလှည့်ကြည့်လာသည်။
"ကျွန်တော်တို့နှစ်ယောက်ကြားထဲ Kim Tae Hyung ဝင်မပါပါနဲ့။Kim Tae Hyung နဲ့ဘာမှမဆိုင်ဘူး။အဝေးမှာသွားရပ်နေပေး "
Jeonရဲ့စိမ်းသက်သက်စကားတွေရဲ့နောက် ယောင်းက အနောက်ကိုအလိုလိုခြေတစ်လှမ်းဆုတ်မိသည်။Jeon Jung Kook နဲ့ Park Jimin ကိစ္စကို Kim Tae Hyungနဲ့ မဆိုင်တဲ့အဝေးတစ်နေရာရောက်အောင်...Jeonက စိမ်းစိမ်းကားကားပို့ပစ်ရက်တယ်။
"ထယ့်ကို ဘာမှပြောစရာမလိုဘူး မင်း! "
"ဘာလို့ မလိုရမှာလဲ။လောကကြီးမှာ သက်ဆိုင်တော့တာ ကျွန်တော်နဲ့ ခင်ဗျား နှစ်ယောက်တည်း။တစ်ခြားလူမပါဘူး"
ယောင်းကအလိုက်သိစွာ စကားလုံးတွေမကြားရလောက်တဲ့နေရာအထိရှောင်ထွက်သွားသည်။Jeonပြောတဲ့စကားတွေက နားထဲပဲ့တင်ထပ်နေတုန်း။နားထဲ စိမ်းသက်လွန်းလို့...အသားကျဖို့တောင်ခက်ခဲသည်။
"မင်း ငယ်ငယ်တည်းက ငါတို့ ဝေးဝေးကရှောင်ခဲ့ရမှာ။ကြီးလေအဆိပ်ပြင်းလေ...တောကြီးမြွေဟောက်လိုကောင်!!"
"ခင်ဗျား များနေပြီနော် Jiminshi။ကျွန်တော်ဒေါသထွက်လာရင် ဘာကိုမှမမြင်တော့ဘူး။ညတုန်းကလိုဖြစ်ချင်နေတာလား"
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ