Jeon ရဲ့လွတ်လပ်ပေါ့ပါးတဲ့နေ့ရက်တွေထဲ အလုပ်ဆိုတာလေးကိုအရံသင့်ထားဖို့ night out ထွက်မဲ့အစား Laptop တစ်လုံးနဲ့သာအချိန်ကုန်ခဲ့သည်။မကျွမ်းကျင်တဲ့သူမို့ အလုပ်နဲ့ပတ်သက်တာတွေကို ရှာဖွေဖို့အတော်အခက်တွေ့ခဲ့သည်။ကြိုးစားပြီးရှာနိုင်ရင်ရှာ မရှာနိုင်ရင်ယောင်းကိုအကူညီတောင်းရသည်။
Jeonကချမ်းသာတာပဲ အလုပ်မလုပ်လဲထိုင်စားလို့ရတယ်ဆိုတဲ့အတွေးနဲ့နေလာခဲ့တာ ငါ့လုပ်စာကိုထိုင်စားနေတယ်ဆိုတဲ့ Park Jiminစကားကြောင့် အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့သည်။တစ်ခြားမှာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့လည်း Park Jiminကြောင့်ပဲ Park Jiminလောင်းရိပ်အောက်ကမထွက်ချင်။
အမြဲတမ်း Park Jiminအရိပ်အောက်မှာနေခဲ့ပြီး Park Jiminအကာအကွယ်ကိုပဲအမြဲယူခဲ့လို့ အကျင့်ပါသွားရုံပါ။Jeon ကို အလိုလိုက်အကြိုက်ဆောင်ပြီး Jeonလုပ်သမျှမှန်မှန်မှားမှား အမြဲလက်မထောင်ကာကွယ်ပေးခဲ့တဲ့လူက အခုများကျတော့တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ နေတစ်ဆင်းလို့ အမှောင်ဘက်အခြမ်းမှာသာကောင်းကောင်းထွန်းလင်းခဲ့သည်။
အခုဆို Park Jiminက Jeonနဲ့တစ်ခန်းထဲအတူတူမအိပ်တော့ဘူး။အခုလောလောဆယ် သွားလဲအမိန့်မပေးရဲဘူး ထပ်အရိုက်ခံရမှာစိုးလို့။ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အိမ်ထောင်မှုတာဝန်တော့ကျေပြွန်ရမယ်မို့လား။တစ်ခန်းထဲအတူမအိပ်ဘူးဆိုတည်းက အိမ်ထောင်ရေးကသာယာမနေကြောင်း သိပ်သိသာသည်။
Jeonဆိုတာလည်း အသက်ရှူနေရတဲ့နေ့ရက်တွေတိုင်းက Park Jiminကြောင့်နဲ့သာလည်ပတ်နေခဲ့သလို။Jeonစိတ် Jeonခန္ဓာကိုယ် Jeon အရာရာတိုင်းအတွက် Park Jiminမရှိလို့တောင်မဖြစ်တော့ဘူး။တစ်ခါတစ်လေ Jeonမခံစားဖူးတာတွေကိုအထူးအဆန်းခံစားခိုင်းပြီး ကိုယ့်ကိုယ်ကို တောင်မယုံနိုင်တာမျိုးတွေ လုပ်နိုင်လို့လည်း Park Jiminကိုဘယ်တော့မှလက်မလွှတ်နိုင်။
တစ်ခန်းထဲ အတူတူအိပ်နေကျကို Park Jiminမရှိတော့ ဟာတာတာရယ်။တစ်ယောက်တည်းအိပ်နေကျတွေကို အခုမှထူးပြီးJeon Jung Kookရယ်...ဆိုရင် တရားခံက Park Jiminကြောင့်ပဲ။Park Jiminကြောင့် အခုဆိုတစ်ယောက်တည်းတောင် နေမရတော့ဘူး။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ