25💜 (Uni)

2.8K 228 21
                                    

"Jeonလေးရာ...Hyung ပြောတာကိုနားထောင်ပါ"

Jeonက ခေါင်းတွေကိုခါထုတ်ပစ်သည်။ရောက်လာတည်းက Jeonကို အိမ်ကလူ Companyမှာအလုပ်လုပ်ဖို့ပြောနေတာ။Jeonလက်မခံပါဘူး...မလုပ်ချင်ပါဘူးဆိုတဲ့ ကိစ္စကိုပဲထပ်ကာထပ်ကာ...။

"မလုပ်ချင်ပါဘူးဆို Hyungရာ။သူနဲ့အမြဲရန်ဖြစ်နေရလိမ့်မယ်"

"Jeonလေးဘက်က နည်းနည်းလျှော့ပေးလိုက်ရင်အဆင်ပြေသွားမှာ Hyungကိုယုံ "

"ကျွန်တော့်ဘက်က ဘာလို့လျှော့ပေးရမှာလဲ! "

Jeonအသံတွေဟာ ချက်ချင်းမာထန်သွားခဲ့သည်။နှစ်ယောက်ပေါင်းပြီး Jeonကိုလူလိမ္မာဇာတ်သွင်းမယ်ပေါ့လေ။Jeonကဆိုးတာသိတယ်လို့...သိသိရက်နဲ့ ဆိုးနေတာမို့...လာမပြုပြင်ပေးနဲ့ဘယ်တော့မှ တည့်လိုက်လာမှာမဟုတ်ဘူး။

"Jeon လိမ္မာမှဖြစ်မယ်"

"ကျွန်တော် ဘယ်လောက်ဆိုးနေခဲ့လို့လဲ Hyung။ကိုယ်ကြိုက်တာကိုယ်လုပ်တာလေးကို ဘာလို့ခေါင်းစဉ်အကြီးကြီးလိုက်တပ်နေကြတာလဲ။နှစ်ယောက်ပေါင်းအနိုင်ကျင့်ခံရတာ ကျွန်တော်ပါ။ဒီလိုလွယ်လွယ်နဲ့ Jeonစရိုက်ကိုလာမပြင်နဲ့လေ။လိုချင်လို့တမင်ပုံသွင်းယူထားတာ။Hyungတို့နှစ်ယောက် သိသင့်တယ်"

"ဖြစ်ပြီးခဲ့တာတွေကို ဘာဖြစ်လို့အခဲမကျေနိုင်ဖြစ်နေရတာလဲ။ဖြစ်ခဲ့သမျှကိစ္စတိုင်းရဲ့ အဓိကတရားခံက မင်းနော်။မင်းကြောင့်..."

"ကျွန်တော့် ကြောင့်! ။ ရည်းစားစာလေးမှားပေးမိလိုက်တာကို တစ်ဘဝလုံးစာနာကျင်ရသလို အမှတ်ကြီးကြီး ပြန်တုန့်ပြန်ကြတဲ့ Hyungတို့နှစ်ယောက်ကြတော့ရော အပြစ်မရှိတော့ဘူးတဲ့လား"

စမှားတဲ့လူနောက်ကပဲ ဆက်မှားမှား...ဘယ်လို မှားမှား ယောင်းလည်းမှန်ကန်တဲ့လုပ်ရက်ကိုလုပ်ခဲ့တာ မဟုတ်လို့ ယောင်းလည်းအပြစ်ရှိသူတစ်ဦးပါ။ဒါပေမဲ့ ယောင်းအပြစ်တွေက မရည်ရွယ်ပဲ မဟုတ်ပဲနဲ့ ရည်ရွယ်ချက်ရှိရှိအကျိုးကျိုးရှိရှိနဲ့ မှားခဲ့တဲ့အမှားမျိုးပါ။

"Jeon လေးရာ...Hyungတောင်းပန်ပါတယ်။Hyungဘက်ကမှားခဲ့တာရော Jiminမှားခဲ့တာရှိရင်ရော...Hyungတောင်းပန်ပါတယ်"

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ