20💜 (Uni)

2.8K 243 5
                                    

လာမယ်လို့ထင်မထားပေမဲ့ ရောက်လာခဲ့တဲ့သူမက Jeon မင်္ဂလာပွဲကိုအဲ့လောက်အထိအာရုံထား ထားတာ။ကြည့်ကောင်းတာထက်ပိုပြီး ဝတ်စားထားတဲ့ ပုံစံက Jeonတွဲနေကျကောင်မလေးတွေလို ဟော့ဟော့ရမ်းရမ်းမဟုတ်ပဲ အဆင့်အတန်းမြင့်ပြီး ခေါင်းမော့ရင်ကော့ကာမော်ကြွားနေပုံက confident level မြင့်တဲ့အမျိုးသမီးပုံစံမျိုး။ပြီးတော့ ကြည့်လိုက်တာနဲ့ ဘယ်လောက်ရင့်ကျက်နေလဲဆိုတာလည်း ခန့်မှန်းရလွယ်တဲ့သူမျိုး။

"Congratulations Jeon...ပြီးတော့ Jimin "

Jeon က မျက်ခုံးတွေအလိုလိုတွန့်ချိုးသွားသည်။Jiminကိုကြည့်ပြီး ရင်းရင်းနှီးနှီးပြုံးပြနေတဲ့အပြုံးတွေက သိပ်ကိုအသက်ဝင်နေလွန်းသည်။Jimin နဲ့ပါသိနေတာလား။

"Park Jimin shiက Yoon Miကိုမဖိတ်တော့...ကိုယ်တိုင်ပဲရောက်ချလာခဲ့ရတာပေါ့။Jimin shi...Yoon Miကိုမသိတော့ တာတော့ မဟုတ်ဘူးမို့လား"

"မဟုတ်ပါဘူး။Paris မှာဆိုတော့...မဖိတ်မိတာပါ"

"Jeon နဲ့ မိတ်ဆက်မပေးတော့ဘူးလား"

သူမတို့နှစ်ယောက်ကိုအကဲခတ်သလိုရပ်ကြည့်နေတဲ့ Jeonကို မေးငေါ့ပြတော့...Jiminက နှစ်ယောက်စလုံးကိုတစ်ပြိုင်တည်းကြည့်သည်။

"မိတ်ဆက်မပေးလည်း ရင်းနှီးနေကြပြီးသားမို့လား"

"Jiminလေးနဲ့ မမက ဘယ်လိုရင်းနှီးကြတာလဲ...ကျွန်တော်မသိသေးဘူးနော်"

"မမ ပြောဖို့မေ့နေတာ Jeon။Jeonအမျိုးသားလောင်းနဲ့ မမက...Paris မှာတည်းက စီးပွားရေးလုပ်ငန်းပါတနာကောင်းတွေလေ"

"သြော..."

Jimin shiရဲ့စီးပွားရေးပါတနာဆိုတော့ သိသိရက်နဲ့ Jeonနဲ့တွဲတဲ့ ထိုအမျိုးသမီးက ပေါ့သေးသေးတော့မဟုတ်လောက်ဘူး။သူ့အနေအထားတဲ့ ပွေချင်ရှုပ်ချင်တယ်ဆိုရင်တောင် လုပ်ငန်းပါတနာကောင်းရဲ့ အိမ်ထောင်ရှင်လောင်းတော့ မဖြစ်သင့်ဘူးမို့လား။

"လာမယ်လို့ မထင်ထားဘူးမို့လား...Jimin shi"

မျက်လုံးတွေကမလိမ်တတ်ဘူးပဲ။တကယ်ထင်မထားတာကို ရောက်ချလာတာတွေ့တော့ သူ့မှာအံ့အံ့သြသြ။Jeonဆိုတာလေးနဲ့ပါ ရင်းနှီးနေတာသိတော့ ပိုအံ့သြသွားမှာပေါ့။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Tempat cerita menjadi hidup. Temukan sekarang