"သား Jiminလေး လာပြီလား။ထိုင်ပါဦး"
"ဟုတ် အန်တီ ခေါ်တယ်ဆိုလို့။ပြောစရာရှိလို့လား"
"သားလည်းကျောင်းပြီးတော့မယ်...Jeon လေးလည်းအရွယ်ရောက်လာပြီဆိုတော့ အန်တီတို့လူကြီးချင်းပြောထားခဲ့တာလေးတွေကို သားကိုအသိပေးထားချင်လို့ပါ"
"ဟုတ်ကဲ့ ဘာများလဲအန်တီ "
"သားဖေဖေနဲ့မေမေက အမြဲနိုင်ငံခြားထွက်နေတော့...သားကိုပြောပြဖြစ်မှာမဟုတ်သေးဘူး။အန်တီကကြိုပြောထားတဲ့သဘောပါ။အန်တီတို့လူကြီးတွေကြားမှာ သားတို့ငယ်ငယ်တည်းကထားခဲ့တဲ့ ဂတိလေးတစ်ချို့ရှိတယ်"
"ဟုတ်ကဲ့ "
"တစ်ခြားမဟုတ်ပါဘူး...သားနဲ့ အငယ်ဆုံးလေးကို လက်ထပ်ပေးဖို့ကိစ္စ "
"ဗျာ!! "
ထိတ်လန့်စရာစကားမို့...အလန့်တကြား အော်မိလိုက်ခြင်းဖြစ်သည်။ဘယ်တုန်းကများ ဒီလိုဂတိတွေထားခဲ့ကြတာလဲ။နောက်နေတယ်လို့ဆိုရအောင်လည်း...အန်တီက ဒီလိုကိစ္စမျိုးကို နောက်မှာမဟုတ်တဲ့လူဖြစ်သည်။
"သားတို့ အငယ်လေးက...အခုတစ်လော ခြေလှမ်းမမှန်ဘူးလေ။အန်တီက လမ်းလွဲသွားမှာစိုးရိမ်နေတာ။အချိန်တန်သားနဲ့ပဲလက်ထပ်ရမှာမို့ သူ့ကိုတစ်လွဲတွေလုပ်မနေစေချင်ဘူး။ဒါကြောင့်သားက အငယ်လေးကိုကောင်းကောင်းထိန်းပေးထားပါ"
"နေ...နေပါဦးအန်တီ။ဘယ်တည်းက အဲ့ဂတိကိုထားခဲ့ကြတာလဲ။ကျွန်တော်တို့လည်းမသိရပါလား"
"သားတို့နှစ်ယောက်မမွေးခင်တည်းက ဆိုပါတော့။အန်တီတို့လူကြီးတွေကြားမှာ ဘာလေးပဲမွေးမွေးလက်ထပ်ပေးမယ်ဆိုတဲ့ ဂတိတွေထားခဲ့ပြီးသားမို့လို့...Jeonလေး 18နှစ်ပြည့်ရင် သားနဲ့လက်ထပ်ပေးရမယ်"
မျက်မှောက်ခေတ်အရ လူကြီးမိဘတွေရဲ့ တစ်လွဲနိုင်တဲ့ရှေးရိုးစွဲ ဂတိဆိုတာကြီးတွေကို...ကိုယ်တိုင်ကိုယ်ကျမြင်ရပြီး ပထမဆုံးအကြိမ် အံ့ဩဝမ်းသာမိခြင်း။မမွေးခင်ကတည်းက ကိုယ့်ဘဝကိုသူများအားအပိုင်ပေးပြီးသားဖြစ်ရသည့် ဘဝအား ပထမဆုံးဂုဏ်ယူမိခြင်းပင်ဖြစ်သည်။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ