တစ်လမ်းလုံး ဆောင့်ဆောင့်အောင့်အောင့်နဲ့လိုက်လာပြီး အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်ပစ်လှဲချလိုက်တော့ အခန်းထဲအထိလိုက်ဝင်လာတဲ့လူကြောင့်...Hoseok အမြန်ထရပ်ပြီး ထိလူ့ရင်ဘတ်အားတွန်းထုတ်ပစ်လိုက်တော့ လက်တွေအားဆွဲချုပ်ခြင်းခံလိုက်ရသည်။
"Baby!!"
"ခင်ဗျား ထွက်သွား!! "
"Daddy မင်းကို ဒီ့ထက်ပိုပြီးလွှတ်မထားနိုင်တော့ဘူး။ပျက်စီးတာ တော်ရုံပဲကောင်းတယ်နော်! "
"ကျုပ်ဘာသာကျုပ် ပျက်စီးတာ...ခင်ဗျား နဲ့ ဘာဆိုင်လဲ။လွှတ်!! "
"ငါနဲ့ ဆိုင်တယ်! မင်းကို ငါမွေးထားတာ "
"မွေးထားတာလို့မပြောနဲ့...ကျွေးပြီးနှိပ်စက်နေတာလို့ပြော! "
"မင်းဘာတွေနာကျင်နေရလို့လဲ ဟမ်! ။ မင်းကို လိုအပ်တာမရှိအောင်ထားနေတာ။မင်းကို ဘာတွေနှိပ်စက်ရသေးလို့လဲ!! "
"အခုပဲ နှိပ်စက်နေတာလေ။လက်ကိုလွှတ်!! "
"ရုန်းမရမှန်းသိရင်လဲ မရုန်းစမ်းနဲ့ Baby။မင်း ဒီနေ့ကစပြီးဘယ်မှထွက်လို့မရဘူး။နောက်အဲ့လိုနေရာတွေ ထပ်သွားတာတွေ့ရင် Daddyအဆိုးမဆိုနဲ့တော့နော်!"
"ဘာ! အဆိုးမဆိုနဲ့...ခင်ဗျားက ဘာလုပ်နိုင်မှာမို့လို့လဲ။Jung Hoseok ကို သတ္တိရှိရင်လက်ဖျားနဲ့ထပ်ထိကြည့်စမ်း! ။ Jung Hoseok ဘာကောင်လဲသိသွားမယ်။ ဖယ်စမ်း!! "
Joonလက်ထဲက ရုန်းထွက်ပြီး အပြင်ထပ်သွားဖို့ပြင်နေတဲ့ ကောင်လေးအား Joonလှမ်းဆွဲထားလိုက်ရသည်။
"Baby!! "
"ခင်ဗျားကို လွှတ်လို့ပြောနေတယ်!! "
"အပြင် လုံးဝထပ်သွားလို့မရဘူး! "
"ဘာလို့မရ ရမှာလဲ။ခင်ဗျားခြေထောက်နဲ့သွားမှာ မဟုတ်ဘူး...ဖယ်!! "
"Baby! ပြောနေတာကို မရဘူးလား!"
"မရဘူး!! "
လက်ထဲမှ အတင်းရုန်းထွက်နေသည့် ကောင်လေးအား Joonမရ ရအောင်ချုပ်ထားပေမဲ့...တစ်ဖြည်းဖြည်း အရွယ်ရောက်လာသည့် ထိုကောင်လေး၏ရုန်းထွက်နိုင်အားကလည်း မခေဘူးမို့...Joonအိပ်ယာပေါ်ပစ်ချကာ အပေါ်မှအုပ်မိုးပြီး...လက်နှစ်ဖက်အား မွေ့ယာနှင့်ဖိကပ်ပစ်လိုက်သည်။