8💜 (Uni)

2.5K 234 23
                                    

"ရိုင်းလွန်းတယ်!! ။ Park Jimin အချစ်တွေနဲ့ တစ်စက်မှ မတန်တဲ့ကောင်!! "

ဒေါသထွက်တာတောင် ရိုးရိုးမထွက်ဘူး လက်ညှိုးတထိုးထိုးနဲ့ ကလေးကို။အရိုက်ခံလာရသမျှရိုက်ချက်တွေထဲ ဒီတစ်ခါအားအပါဆုံး...ဒီတခါ အနာကျင်ရဆုံး...ပြီးတော့မချစဖူး ပါးကိုမှ။ကင်မ်ထယ်ယောင်း သိပ်လွန်တာပဲ...။

"Jeon Jung Kook! မင်းဟာလေ...မင်းတရားတွေသိပ်လွန်လာပြီ။Jiminကို ဘာထင်နေတာလဲ!။မင်းကိုချစ်လွန်းလို့ အလျှော့ပေးအလိုလိုက်ထားတာ။စော်ကားလွန်းတာ တော်ရုံပဲကောင်းတယ်! "

Park Jiminကို ပေးလိုက်ရမှာတောင် နှမျောတယ်။တလေးတစားမရှိလိုက်ပုံတွေက သူ့ခေါင်းထဲ Park Jimin က ဘယ်Levelမှာလဲ။အပြစ်မမြင်ရက်နိုင်အောင် ချစ်ပေးတဲ့လူအပေါ်ကို...ဆိုးတာ ဆိုးတာ အတိုင်းထက်လွန်တယ်။

Jeon စော်ကားနေလို့လား။ပုံမှန်အတိုင်းပဲပြောမိတာလေးကို အော်ကြီးဟစ်ကျယ်နဲ့။Jimin shiက Jeonကို ဘယ်တုန်းကအပြစ်မြင်ဖူးလို့လဲ။Jeonပြောတာဘယ်လောက်မှားနေလို့ ပါးအထိတောင် ရိုက်ရတာလဲ။

Kim Tae Hyung shiက ပါးရိုက်ပါတယ်ဆိုပြီး Jimin Hyung နဲ့တိုင်ပြောဦးမှာ။သူ့အသည်းအသက်ကို ထိလို့ဆိုပြီး ရန်ထဖြစ်ရင် ထိုင်ကြည့်နေမှာ သွား...။

ငိုနေတဲ့ပုံတောင် ထပ်ရိုက်ချင်စရာကောင်းအောင် Jeon Jung Kook က။ရိုက်ပြီးတော့လည်း စိတ်ကမကောင်းပြန်ဘူးမို့ အင်္ကျီပခုံးစကိုဆွဲခေါ်ပြီး မျက်ရည်တွေကိုဆွဲလွဲသုတ်ပေးလိုက်သည်။နှာရည်တွေနဲ့ ကလေး မဟုတ်ဘာမဟုတ်။

"Jeonလေးရာ...Jimin Hyung ကိုပိုချစ်ပေးမယ်မို့လား"

ကင်မ်ထယ်ယောင်းက လေသံအေးအေးလေးနဲ့ပြန် တောင်းဆိုတာပါ။

ချစ်မိသွားလို့ပါတဲ့လေ...နင့်နေပုံနဲ့ချစ်ပေးတတ်လိုက်တာများ...ကင်မ်ထယ်ယောင်းကတောင် ချုံးပွဲချငိုပြီးအရှုံးပေးလိုက်ရတဲ့အထိ။Jeon ရဲ့အချစ်တွေရလို့ဆိုပြီး ရှက်နေတတ်တဲ့စတော်ဘယ်ရီလိုမျက်နှာလေးကို...ဘယ်လိုပုံစံမျိုးနဲ့မှမဲ့ကျသွားတာမျိုးမဖြစ်စေချင်ပါဘူး။

ဒါတွေက လွှဲမှားနေကြောင်းတွေသာသိသွားရင်...Park Jimin တို့ဘယ်လိုနေမလဲ။Kim Tae Hyung အစားဝင်ခံစားကြည့်ပြီးပြီ။သေလုမတတ်မဲ့အခြေအနေတွေမြင်လို့...ဆက်မခံစားရဲတော့တာ။ဟိုအရူးလေးသာဆိုရင်...။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now