နေ့တစ်နေ့ရဲ့အစကို မျက်တောင်လေးပုတ်ခတ်ရင်းမျက်လုံးဖွင့်တာနဲ့အစပြုတယ်ဆိုရင်...Jeonကတော့ လက်တွေနဲ့ဘေးအနားကို အထက်အောက် ဆုံချည်ဆန်ချည်စမ်းနေရာကနေ စတင်ခဲ့ပါသည်။
အနားက အေးစက်စက်အထိအတွေ့ကြောင့် မဲနက်နက်မျက်ခုံးတန်းတို့ကိုစုကြုံ့ပစ်လိုက်သည်။မျက်လုံးမပွင့်သေး...အတိအလင်းမဟုတ်သေးတဲ့ မှတ်ဉာဏ်မှာတောင် Jeonက ထိုလူ့ကိုမတွေ့ရလို့ အလိုမကျဖြစ်နေပြီ။
မျက်လုံးဖွင့်လိုက်တဲ့အခါ ဘေးအနားကအိပ်ယာလေးက တိတ်ဆိတ်ငြိမ်သက်နေသည်။
"Jimin "
"Jimin...ဘယ်သွားတာလဲ "
အိပ်ယာပေါ်ကထပြီး ရေချိုးခန်း...အိမ်သာ ဝရံတာနှံ့နေအောင်ရှာပေမဲ့ Jiminကိုမတွေ့ရတာကြောင့် Jeon နှုတ်ခမ်းတွေကတင်းထန်နေသည်။ဖုန်းကိုယူပြီးခေါ်တော့ တစ်ခါနဲ့မကိုင်နှစ်ခါနဲ့မကိုင်ပဲ...Jeonစိတ်မရှည်တော့တဲ့ သုံးခါမြောက်မှကိုင်သည်။
"ဘယ်မှာလဲ!...ဘာလုပ်နေလို့ ဖုန်းမကိုင်တာလဲ!။ဘာလို့ ကျွန်တော့်ကိုမစောင့်ပဲအစောကြီးထသွားတာလဲ!"
CEO Park နားအနားကဖုန်းကိုအမြန်ခွာလိုက်ရသည်။မေးခွန်းတွေနဲ့ပြာယာခတ်နေတာဆိုတာ...ရုံးအလုပ်တွေလုပ်နေရတဲ့ကိုယ်တောင် သူ့လောက်ပြာယာမခတ်ဘူး။
"ငါ အလုပ်မှာ"
"ဘာသွားလုပ်တာလဲ "
"ဘာသွားလုပ်ရမှာလဲ...အလုပ် လုပ်နေတာပေါ့"
"အဲ့အလုပ်တွေခဏထားခဲ့ပြီး ပြန်လာခဲ့"
"ဘာကိစ္စနဲ့ ပြန်လာရမှာလဲ! "
"Jeonက Jiminကို တွေ့ချင်နေတယ် "
အပိုစကားတွေကိုလေအကုန်ခံပြီးပြောတာလောက် အမြင်ကပ်တာမရှိဘူး။ပြောတဲ့လူက Jeonမလို့...ပိုပြီးတော့ အမြင်ကပ်တယ်။
"ဒါပဲ Jeon။ငါ အလုပ်များနေတယ်"
"ဟာဗျာ...Jeonကတွေ့ချင်လို့ပါဆို။မနက်နိုးနိုးချင်း ခင်ဗျားမျက်နှာမြင်ချင်လို့ လိုက်ရှာနေရတယ်။ဘာလို့ ကျွန်တော်နိုးတဲ့အထိမစောင့်တာလဲ "
"မင်းမနိုးမချင်း ထိုင်စောင့်နေရမှာလား...ငါ့မှာ အလုပ်နဲ့အကိုင်နဲ့။ငါ့အလုပ်တွေက ဒီနေ့မှပြန်စရတာ။နေရာတကာ မင်းကိုပဲအချိန်မပေးနိုင်ဘူး "
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ