"အသေသတ်ပစ်မှာ!!! "
"ငြိမ်ငြိမ်နေစမ်း...Jeonလေးရာ "
ဒဏ်ရာထဲဆေးထည့်နေတုန်း ထအော်သည့် Jeonကြောင့် လန့်ပြီး ယောင်းလက်တွေ့တုန့်ခနဲ။သူ့အိမ်မှာထားရင် ယောင်းမသိတဲ့အချိန်ထထွက်သွားမှာစိုးလို့ အိမ်မှာ...အနားမှာ ခေါ်ထားရသည်။အနားမှာထားတာတောင်...သူ့မှာဒေါသတွေနဲ့အခဲကမကျေနိုင်သေး။
"အခုသွားသတ်ပစ်မှာ! "
"အခုပြန်ထိုင်နေ! "
အမိန့်ပေးသံက တစ်ခွန်းဆိုတစ်ခွန်း။ချက်ချင်းပြန်ထိုင်သူက ခဏပါပဲ...ယောင်းဒဏ်ရာတွေကိုမြင်နေရရင်ကို အလိုလိုသွေးကကြွနေသည်။
ဒဏ်ရာကပါးပေါ်က ညိုမဲရာလေးမဖြစ်စလောက်ကို ပြည်ပျက်နေရှာသည်။ကိုယ့်ကို စိုးရိမ်ပြီး ဆေးအတင်းထည့်ပေးမယ်လုပ်နေတဲ့ Jiminကိုလည်း အမြန်ပြန်ခိုင်းလိုက်ရသည်။Tae Hyung ယောကျ်ားပါ။အဲ့လောက်မပျော့ညံ့ပါဘူး။
အခုဆေးထည့်နေတယ်ဆိုတာလည်း မနက်ကျောင်းတက်ရမှာမို့ ညိုမဲတွေရှိမနေစေချင်လို့။မှန်ကြည့်ပြီး ဒဏ်ရာဆေးထည့်နေတဲ့လူကို မကူပဲ...ထိုင်ဒေါသထွက်နေသည့်ကောင်လေးဆီကတော့ တစ်ခါတစ်လေ ဂရုစိုက်မှုကိုခံချင်ပါတယ်။
ဆေးကူထည့်ပေးရင်ကောင်းသားလို့တွေးနေတုန်း...လက်ထဲကဂွမ်းစကိုဖျတ်ခနဲဆွဲယူပြီး ပါးကိုထိတွေ့လာသည့်သူ။
"Hyung နာနေလား"
"ဒီလောက်လေးနဲ့ နာမလား"
"ကျွန်တော် အဲ့နေရာမှာမရှိလို့။ကျွန်တော်သာရှိရင် အဲ့ကောင်တွေပွဲချင်းပြီးတယ်"
"ဖူးးး...နာရင်ပြော Hyung "
ဒေါသတွေကြားက ရတဲ့ဂရုဏာလေးက ချစ်စရာတော့ ကောင်းသား။လေအေးလေးတွေမှုတ်ပေးရင်း ထိတွေ့လာတဲ့ပုံလေးကိုက နူးနူးညံ့ညံ့။ပွစိပွစိနဲ့ပြောနေတဲ့ နှုတ်ခမ်းလေးတွေနဲ့ဆုံတဲ့အခါ ရေဆာလာလို့အမြန်အကြည့်လွှဲရသည်။
မရိုးသားချင်ဘူး...ဒီကောင်လေးနဲ့ထိတွေ့နေရရင် ရိုးသားချင်စိတ်ကိုမရှိတော့တာ။ အသက်မပြည့်သေးတဲ့ကောင်လေးအပေါ် အနီးကပ်ပစ်မှားနေတာ ကင်မ်ထယ်ယောင်း လွန်တာပေါ့။ကင်မ်ထယ်ယောင်း ပစ်မှားချင်ရအောင် ထိုကောင်လေးကလည်းချစ်စရာလေးကို။
KAMU SEDANG MEMBACA
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
Fiksi PenggemarJikook = မောင် + သက်ဆိုင်သူ