Jeon ရေချိုးပြီးတာနဲ့ မျက်နှာကဒဏ်ရာတွေကို ဆေးလိမ်းဖို့လုပ်သည်။သွေးပူနေတုန်းက သွေးကျတာတောင်မနာပဲ အခုကျမှအထိမခံနိုင်အောင် နာလာလိုက်တာ။
ဒီလောက်လူသေးသေးလေးမှာ အားတွေဘယ်လိုရှိလာရတာလဲ။လက်ရဲဇက်ရဲ နိုင်လိုက်ပုံကလည်း ရုပ်လှလှလေးနဲ့မှမလိုက်။အသားနုနုလေးတွေနီရဲလာတဲ့အထိ တစ်ဖက်လူကိုရိုက်တတ်သေးတယ်။ဖြူဖြူစင်စင်လေးက သွေးမြင်ရင်လန့်နေရမှာမဟုတ်ဘူးလား။
မဟုတ်ဘူး Park Jimin အထက်တန်းနောက်ဆုံးနှစ်မှာ Jeonတို့ရန်ဘက်တွေနဲ့ရန်ဖြစ်တည်းက တစ်ဖက်ကလူကိုခေါင်းကွဲအောင် တစ်ချက်တည်းနဲ့ရိုက်နိုင်တည်းက သွေးမြင်ရင်လန့်ရကောင်းမှန်းမသိခဲ့တာ။
အပြင်ပိုင်းကသာနူးညံ့တယ်လို့ထင်ရပေမဲ့ Jiminက သိပ်မာကျောတဲ့လူ။Jeonလိုလူတောင် Park Jimin ရဲ့စိတ်ရိုင်းတွေကိုလန့်တယ်။
ဆေးလိမ်းနေရင်း ဖုန်းမြည်လာတာမို့ Jeonကိုင်လိုက်သည်။
"Jung Kook"
"အေး ငါဒီညမလာတော့ဘူး"
"ငါ Daddy နဲ့ပြသနာတတ်လာတာ"
"ဘာဖြစ်တာလဲ။တတ်နေကျမဟုတ်ဘူးလား။အခုမှ ထူးထူးဆန်းဆန်း"
"ငါ့ကို စွန့်လွှတ်လိုက်ပြီ"
"ဘာ! "
အရက်ခွက်ကိုမော့ချလိုက်တဲ့ Hoseok လက်တွေကတုန်ရီချင်ချင်ရယ်။
"ဘယ်Barမှာလဲ...ငါလာခဲ့မယ်"
"မနေ့ညက Barပဲ"
"အေး ခဏစောင့်"
Jeon အပြင်သွားဖို့ပြင်ဆင်လိုက်သည်။Hoseokနဲ့က အတွင်းသိအစင်းသိ သူငယ်ချင်းအရင်းကြီး။သူတို့နှစ်ယောက်ဘယ်အတိုင်းအတာအထိ ပတ်သက်လဲ Jeonအသိဆုံး။
Kim Nam Joon shiက Jeonအားကျရတဲ့အထိ Hoseok ကိုသိပ်ချစ်တာ။Hoseokဘယ်လောက် ဆိုးဆိုး Babyဆိုပြီး ရင်ထဲအမြတ်တနိုးထည့်ထားနေကျလူ။အခုမှ ဘာလို့လဲ။
Jeon အခန်းထဲကထွက် ထွက်ချင်းအပြင်ရောက်တာနဲ့ Jiminက သူ့အခန်းထဲဝင်ဖို့ပြင်နေတာနဲ့ တန်းတိုးသည်။
"Jimin...မောင် အပြင်ခဏသွားမလို့"
"သွားနေကျ မဟုတ်ဘူးလား။ဘာကိစ္စနဲ့လာပြောနေတာလဲ "
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ