33💜 (Uni)

3.2K 239 13
                                    

"မောင် မင်းကို ကွာရှင်းမပေးနိုင်ဘူး Jeon Jiminလေးရယ်..."

Park Jimin မျက်ရည်တွေခေတ္တရပ်တန့်သွားခဲ့တာ မောင်ဆိုသည့် Jeonက ကိုယ့်ကိုယ်ကိုသုံးလိုက်သည့်နာမ်စားလေးကြောင့်။စိတ်ကူးထဲမှာတောင်မတွေးမိခဲ့တဲ့ ချစ်ခြင်းတရားရဲ့အခြေခံပြရုပ်လှလှလေးက မြတ်နိုးရတဲ့"မောင်"ဆိုတဲ့နာမ်စားလေးတဲ့လေ။

Jeonက သူ့ကိုယ်သူခိုင်းနှိုင်းပစ်လိုက်တာများ တူလို့လားတန်လို့လား။မောင်ဆိုတာ အချစ်တစ်ခုရဲ့လေးနက်တဲ့ အချက်...Jeonကတော့ ပေါ့ပျက်ပျက်နဲ့။ မလိုက်ဖက်တာတောင် မိုးနဲ့မြေလိုကို ဘယ်လိုတောင်ခိုင်းနှိုင်းချပစ်လိုက်တာလဲ။

"မောင် "ဆိုတာ Jeonပါးစပ်ဖျားကမဟုတ်ပဲ ဘယ်တည်းကသုံးနှုန်းခိုင်းချင်နေမှန်းမသိတဲ့ နှလုံးသားကထွက်ကျလာခဲ့တာ။အရေးကြုံလို့ထုတ်သုံးလာတဲ့ နှလုံးသားထဲက အစွမ်းကုန်လက်နက်။Park Jiminက အတိုက်ခိုက်မခံတာလေးတစ်ခုပဲ။

Jeon မျက်ရည်တွေနဲ့ရောယှက်နေတဲ့ မောင်ဆိုတဲ့နာမ်စားက မာယာမပါပဲအနှိုင်းမဲ့ဖြူစင်ခဲ့ပါသည်။Park Jiminသာလက်ခံခဲ့ရင် ချက်ချင်းအေးချမ်းသွားမဲ့ဆောင်းဦးရာသီလိုဆိုပေမဲ့...Jeonနဲ့ တူလို့လားတန်လို့လား တဲ့လေ။

မုန်းလိုက်တာများ...အဖြူရောင်နာမ်စားလေးကို ချက်ချင်းအရောင်တင်ပစ်သည်အထိ ခါးခါးသီးသီးနဲ့ရယ်။

"မောင် မင်းကို တောင်းပန်ပါတယ်။မောင် မှားမှန်းသိပါပြီ။မောင် အများကြီးမှားခဲ့ပါတယ်ကွာ။မင်း ခွင့်မလွှတ်နိုင်ဘူးဆိုလည်းရတယ်...မောင် မင်းကို အစကနေပြန်တောင်းပန်မယ်။အပြစ်တွေအတွက်ပါ တစ်ခါတည်းပေးဆပ်ပါ့မယ်...မောင့်ကိုမမုန်းလိုက်ပါနဲ့နော်"

စောနက သိပ်ချစ်တယ်...အခုကျ သိပ်မုန်းတယ်...Park Jimin လူကြီးဖြစ်ပြီးစကားကို ဗလောင်းဗလဲပြောတယ်။Jeonကိုနာကျင်စေတဲ့အခိုက်အတန့်မျိုးတွေရှိခဲ့တာကိုတောင် ယောင်လို့ခွန်းတုန့်မပြန်မိတော့ပဲ Jeonခံစားခဲ့ရသမျှကို အမှားခြစ်ချပြီး Park Jiminကို 100%အနိုင်ပေးခဲ့တာကို...Jeonသိပ်ကြိုက်တဲ့ နှုတ်ခမ်းဖူးဖူးအိအိလေးက မုန်းတယ် တဲ့။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now