5💜 (Uni)

2.5K 217 13
                                    

.....ဖြန်း!!!.....

လက်ထဲကစီးကရက်အားပြင်းထန်စွာ ရိုက်ထုတ်ခြင်းခံလိုက်ရတာမို့...Hoseok ဒေါသတကြီးထရပ်လိုက်သည်။သို့ပေမဲ့ Hoseok ဒေါသထွက်တာထက်...နီရဲနေတဲ့မျက်လုံးတွေနဲ့ Joonက ပိုဒေါသထွက်နေဟန်။

"ငါ့အိမ်ပေါ်မှာ ဘာစောက်ချိုးချိုးတာလဲ Jung Hoseok!! "

"ကျုပ်ဘာစောက်ချိုးချိုးလဲ ခင်ဗျား မမြင်ဘူးလား! "

"မင်းကိုငါ မဟုတ်တာတွေမလုပ်ဖို့ပြောထားတယ်!!။မင်းအသက်မပြည့်သေးဘူး အဲ့ဒါတွေမလုပ်ရဘူးဆိုတာ နားမလည်ဘူးလား!! "

"နားလည်လည်းလုပ်တယ်!။ ဘာဖြစ်လဲ!!"

"မင်းကို ငါမဆုံးမဘူးလို့အပြောမခံနိုင်ဘူးကွ!!"

"အပြောမခံနိုင်ရင်...ဆက်မမွေးစားနဲ့လေ Mr.Kim Nam Joon ssi!!..."

ထိုမထီမဲ့မြင်စကားတွေက Joon ဒေါသကိုပိုဆွပေးတဲ့လောင်စာ။မပေါက်ကွဲချင်လို့ အင်မတိအင်မတန်ထိန်းထားလည်း ထိုကောင်လေးကနားမလည်။Joon မကြမ်းချင်လို့။မကြမ်းချင်လို့ ညှာပေးနေတာကို ဒီကလေးသာသာကောင်လေးက စိတ်တွေထိန်းမရအောင်သိပ်ဆွသည်။

"အဲ့လိုစကားမျိုးထပ်ထွက်မလာနဲ့ Baby!! "

"ခင်ဗျားလေ...ကျုပ်ကို စွန့်ပစ်ဖို့ပြောရင် သိပ်နားမခံနိုင်ပုံပဲ။ကျုပ်ကလည်း ခင်ဗျားအဲ့လိုဖြစ်နေတာကိုမှ မြင်ချင်ဆွချင်တာ ဟက်! "

"မင်းကို ချစ်လွန်းလို့အများကြီး အလိုလိုက်ထားခဲ့တာ...Jung Hoseok!! ။ ငါ့ကိုကြမ်းချင်စိတ်ပေါက်အောင် လုပ်မလာနဲ့ မင်း!! "

အံကြိတ်ပြောသံကြီးက ဒေါသတွေအကြီးအကျယ် ထွက်နေပြီဖြစ်ကြောင်းသက်သေ။အဲ့သည်ဒေါသကို Jung Hoseokလို လူမျိုးကကြောက်မှာတဲ့လား။မကြောက်တတ်တဲ့ကလေးကို ဖြဲခြောက်နေသလိုမျိုးကြီး။

"ငါ့ကိုစော်ကားတာတွေ...ငါ့မိဘကိုစော်ကားတာတွေအတွက် မင်းကိုငါ အပြစ်မတင်ဘူး။မင်းဘဝလေး လမ်းမှားရောက်သွားမှာစိုးလို့ ငါပြောနေတာတွေက။ငါ့အတွက်တစ်ခုမှ မပါဘူး...အကုန် မင်းအတွက်ချည်းပဲ!!"

"မလိုအပ်ဘူး...ဘာမှကျုပ်အတွက်မလိုအပ်ဘူး။Jung Hoseok ဘဝထဲမှာ မိဘတွေမရှိတော့တည်းက...ဘာမှ မလိုအပ်တော့တာ "

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now