11💜 (Uni)

2.7K 215 18
                                    

Jeon...အလိုလို အနောက်ကို ခြေလှမ်းနှစ်လမ်းလောက်ဆုတ်မိသွားသည်။မထူမပါးနှုတ်ခမ်းတွေပွင့်ဟသွားသည်အထိ အံသြတကြီးစိုက်ကြည့်ကာ...အကြောတွေထောင်တက်လာသည်အထိ လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

အချိန်တွေအများကြီး မကြာတာတောင် အသက်ရှူရပ်တော့မလိုအနေအထားမို့ နားမလည်သောပုစ္ဆာလေးအား ရင်ဘတ်ကိုအနည်းငယ်တွန်းထုတ်တော့ ချက်ချင်းဖယ်ခွာမသွားသေးပဲ အောက်နှုတ်ခမ်းအား အနည်းငယ်ဖိကိုက်သွားသေးသည်။

ရူးသွားတာက ကိုယ့်နှုတ်ခမ်းကိုယ်ပြန်ကိုက်ပြီး ရင်ခုန်သံတွေကို ထိန်းနေရသည့် Kim Seok Jinလား...တဇွတ်ထိုးဆန်ဆန်ဆုံးဖြတ်ချလိုက်တဲ့ Kim Tae Hyungလား မပြောတတ်ပါ။

အရာအားလုံးဖြစ်ပြီးသွားတဲ့ နာရီလက်တံတစ်စွန်းတစ်စအချိန်မှာတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ရင်း နှစ်ယောက်စလုံး ခေတ္တငြိမ်သက်သွားကြတာကတော့ ထပ်တူညီခဲ့ပါသည်။

ခဏအတွင်းပြန်မာထန်သွားသည့် ယောင်းအကြည့်တွေ Jeonဆီရောက်တော့ ပေါက်ထွက်သွားတော့မဲ့ဗုံးတစ်လုံးလို Jeon က စနက်တံတောင်ဖြုတ်ထားပြီးပြီ။

"သွားတော့ Jeon Jung Kook!"

"Kim Tae Hyung ခင်ဗျား!! "

"ဒါမှ မယုံသေးဘူးဆိုရင်...အခြေအနေက ဒီ့ထက်ပိုကြည့်ကောင်းမှာ မဟုတ်တော့ဘူး "

"တောက်!! "

"ဘယ်လို လုပ်ရမလဲ...ငါ မနေနိုင်မထိုင်နိုင်အောင် Jin Hyung ကို ချစ်မိနေတာ "

Seokjin အားကြည့်ပြီးပြောလိုက်သည့်စကားတွေထဲ Jin Hyung ကတော့ အံ့သြလွန်းလို့ ဒူးတွေတောင်မခိုင်ချင်တော့သလို...Jeonကလည်း ဒူးတွေမခိုင်ချင်လောက်အောင် ဒေါသထွက်နေခဲ့ပါသည်။

"မင်းကို ငယ်ငယ်တည်းက ငါထိန်ကျောင်းပေးခဲ့တဲ့ကလေးဆိုတာထက်မပိုဘူး။အဲ့အတွက် တွယ်ကပ်မနေနဲ့တော့။ငါ့အစား Jiminကိုပြောင်းချစ်လိုက်"

"သိပ်ချစ်စေချင်နေတာလား! Kim Tae Hyung shi"

အံကြိတ်ကာဆိုလာသည့်စကားက မုသားတွေများပါလာမလားလို့ ယောင်းစိုးရိမ်လိုက်မိတာအမှန်။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now