^^ကလေးလေး...ပြတင်းပေါက်ဖွင့်လိုက်^^
Jiminဆီက message ရ တာနဲ့...Jeonကဖတ်ပြီး အမြန် Mommyမမြင်အောင် ဖုန်းscreenလေးကို မှောက်ချပစ်လိုက်သည်။Mommy တိုက်တဲ့ဆေးကို အချိန်ဆွဲမနေပဲ မြန်မြန်သောက်ပြီး...အိပ်ယာပေါ်လှဲချကာ မျက်လုံးကလေးတွေကို မှိတ်ထားသည်။
Mommyက စောင်လေးခြုံပေးပြီး...ညတိုင်းဆေးချော့မတိုက်ရတော့တဲ့ သားကို ဆံပင်လးသပ်ကာ လိမ္မာလိုက်တာတဲ့။
Mommyအရှေ့ဆို ယုန်မျက်လုံးလေးတွေကွယ်ဝှက်ပြီးအိပ်ချင်ယောင်ဆောင်နေတဲ့ ယုန်ပေါက်စကလေးက...Mommyကွယ်တာနဲ့ စောင်လေးကန်ချပြီး ပြတင်းပေါက်တံခါးကို အမြန်ပြေးဆွဲဖွင့်ကာ တစ်ဖက်ကလူကို ယုန်မျက်လုံးတောက်တောက်ကလေးနဲ့ ရှေ့နှစ်ချောင်းကွက်ကြီးနေတဲ့ သွားဖွေးဖွေးလေးတွေပေါ်တဲ့အထိ ရယ်ပြနေကျ။
"Jiminလေး "
"ကလေးလေး ဆေးသောက်ပြီးပြီလား "
"အင်း "
လေပြေလေးတစ်ချက် ဝင်တိုးရုံနဲ့ မျက်လုံးဝိုင်းဝိုင်းကလေးတွေအုပ်သည်အထိ နဖူးအပေါ် ကပိုကရိုကျလာသောဆံပင်လေးများအား လက်ချောင်းကလေးများနှင့်သပ်ပြီး နားရွက်အနောက်ညှပ်ကာ ပြတင်းပေါက်ဘောင်ပေါ် မေးဖျားလေးတင်ရင်း ခေါင်းလေးညိတ်ပြလာသူ။
မြင်သာမြင် မကြင်ရတဲ့ ဘဝမှာ...ထိုကလေးလေးအပေါ် တစ်ချိန်ကလို အကြင်နာတွေလွန်ကျူးလာမိပြန်သည်ထင်သည်။အနားမရှိရင်လေကောင်းလေ ဆိုတာ မလိုအပ်ဘူးလို့စိတ်ထဲရိုက်သွင်းထားတဲ့ အချိန်သာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုများတော့ အဲ့သည်ဘက်အိပ်က ပြတင်းပေါက်ကိုကျော်ခွတက်သွားချင်စိတ်တွေက တစ်ဖွားဖွားနဲ့။
အသည်းနင့်အောင် မုန်းပါတယ်ဆိုတဲ့စကားတွေကလည်း ရက်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သမျှကြားတွေထဲ သကြားခဲလို ဘယ်နေရာမှာ အရည်ပျော်ပျောက်ကွယ်သွားခဲ့သည်မသိ။မင်းစကားနဲ့ မင်း ဆက်မုန်းနေ ရမယ်လေလို့ မာနလေးကခေါင်ခိုက်ချင်လာလည်း ဖြူဖြူစင်စင်မျက်လုံးဝိုင်းလေးတွေကို မြင်တာနဲ့...ဇောက်ထိုးချည်းပြုတ်ကျနေမိတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ