အလုပ်ပြန်ရင် တွေ့မယ်လို့ စချိန်းခဲ့ပြီးတကယ်တမ်း မျက်နှာချင်းဆိုင်တွေ့ရတော့လည်း ယောင်းမှာ လေမတိုက်ပဲလက်ဖျားတွေက အေးစက်စက်။
"ပြောလေ ထယ်...မင်းငါ့ကို ပြောစရာရှိတယ်ဆို"
"အင်း ရှိတယ်။Jimin...။ ငါ ကွေ့ပတ်ပြောမနေတော့ဘူး။ညတုန်းက Jeon ငါ့ဆီကိုလာခဲ့တာမှန်တယ်။ဒါပေမဲ့ မင်းအထင်လွဲမှာစိုးလို့ ငါရှင်းပြမလို့ပါ"
"ငါက ဘာကိုအထင်လွဲရမှာလဲ။မင်းအိမ်မှာ အိပ်နေကျ မဟုတ်ဘူးလား။အထင်လွဲစရာ ကိစ္စမှမဟုတ်တာကို...ဘာကိုရှင်းပြမှာလဲ"
ကော်ဖီမသောက်ရသေးပဲ နင်သွားမိသည်။ဒါဆို ယောင်းပဲအစိုးရိမ်လွန်နေခဲ့တာလား။Jiminကိုကြည့်တော့ ကော်ဖီကိုအေးအေးဆေးဆေးသောက်နေတာ ပုံမှန်အတိုင်းပဲ။မနက်က ဖုန်းတွေအများကြီးခေါ်ထားလို့ ယောင်းဘက်ကစိုးရိမ်တကြီး အမြန်ပြန်ခေါ်တော့.....
"Jeonအဲ့မှာအိပ်နေတာလား သိချင်လို့။အဲ့မှာမဟုတ်ပဲ တစ်ခြားမှာသွားအိပ်နေမှာစိုးလို့ ဖုန်းဆက်လိုက်တာ။မင်းနဲ့အတူရှိတယ်ဆို ငါစိတ်ချတယ်"
ဆိုပြီး ပုံမှန်အတိုင်းပြောလို့ ညနေအလုပ်ပြန်ရင်တွေ့ရအောင်။မင်းကိုပြောစရာရှိတယ်...သာ ပြောပြီးဖုန်းချခဲ့လိုက်တာ။ကြည့်ရတာ မနက်ကစပြီးအခုချိန်အထိ Jiminကပုံမှန်အတိုင်းပါပဲ။ယောင်းကသာ အထင်တွေလွဲမှာစိုးလို့ပူနေရတာ။
"အာ အင်း...မင်းအထင်မလွဲဘူးဆို ပြီးတာပါပဲ။ငါနဲ့ Jeonက အရင်တုန်းကလိုပြန်သင့်မျှတယ်ဆိုရုံလောက်ကလေးပါပဲ"
"ဒီ့ထက်ပိုပြီး သင့်မျှစေချင်တာ ငါက။အခုအခြေအနေဆိုရင်တောင် မဆိုးပါဘူး။မင်းကံကောင်းပါတယ်"
"အဲ့လိုပဲ ဆိုရမှာပေါ့"
Jimin စိတ်ရင်းနဲ့အမှန်တိုင်းပြောခဲ့တာပါ။ထယ်က တကယ်ကံကောင်းတယ်။Jeonကလေးလေးအချစ်ကို မဆိုသလောက်လေးအထင်သေးခဲ့ဖူးတယ်။Jiminအများကြီး မှားခဲ့တာပဲ။ဒီနေ့အထိ Jeonအချစ်တွေက ထယ့်အပေါ်ယိမ်းယိုင်မသွားသေးဘူးမို့ ကြိတ်လေးစားမိတာလည်း ဝန်ခံသေးတယ်။
ထယ်ပြောတာကို ယုံလို့Jimin စိတ်ထဲဘာအစိုင်အခဲမှမထားတော့ဘူး။Jeonကိုမယုံပေမဲ့ ထယ့်ကိုတော့ယုံတယ်။ကိုယ့်ကိုယ်ကိုထက် ထယ့်ကိုပိုယုံတာမလို့ Jiminစိတ်အေးရပါပြီ။
VOCÊ ESTÁ LENDO
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanficJikook = မောင် + သက်ဆိုင်သူ