အဲ့လူရဲ့လောင်းရိပ်အောက်ကထွက်လာတဲ့ တစ်နေ့တာမှာ Jung Hoseok တို့ အဆင်ပြေပြေပါပဲ။အရင်ကအလုပ်မလုပ်ခဲ့တာ နဲ့ အခုအလုပ်လုပ်ရတော့မယ် ဆိုတာလေးပဲ ကွာခြားသွားတာ။Jung Kookက လိုအပ်တာမရှိအောင် အကုန်ထားပေးပေမဲ့ သူငယ်ချင်းဆိုလည်း အားနာတာမို့ Hoseok အလုပ်တစ်ခုရမှဖြစ်မည်။
အထက်တန်းလေးအောင်သေးလို့ ကံကောင်းထောက်မစွာ အချိန်ပိုင်းကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အလုပ်ရခဲ့သည်။ငယ်ငယ်တည်းက အခုချိန်အထိ ထမင်းတောင် တစ်ခါမှခူးမစားဖူးတဲ့ Hoseok အဖို့အလုပ်လုပ်ရတာ သိပ်မလွယ်ကူပါဘူး။
ရန်ဖြစ်ရင် လူလောက်သာ ကျွမ်းကျွမ်းကျင်ကျင်ရိုက်တတ်ပေမဲ့ အိုးခွက်ပန်းကန်တွေကိုတော့ ကောင်းကောင်းမဆေးတတ်ပါ။ပန်းကန်တွေကျကွဲတဲ့အခါမျိုးဆို ဘယ်သူလာသေးသေးတင်တာမှမခံတတ်တဲ့ Hoseokက အပြောအဆိုခံရတိုင်း ခေါင်းငုံ့သည်းခံပြီးတော့သာတုန့်ပြန်နိုင်ခဲ့သည်။
အရာရာသည်းခံတတ်ခဲ့တဲ့ ဟိုအိမ်ကလူကို ကတ်ကတ်လန်အောင်ပြန်ပြောနိုင်ခဲ့ပေမဲ့...အခုကျတော့ ကိုယ့်အထက်အရာရှိဆိုတာလေးနဲ့ ဘဝရဲ့လောကဓံအနိမ့်အတွက် Hoseok ကပြန်ပြီး အတော်လေး သည်းခံခဲ့ရသည်။
နေ့စားခလေး မဖြစ်စလောက်ရတဲ့အခါ အိမ်ပြန်ရင်း သူများတွေလိုညစာဖွယ်ဖွယ်ရာရာ ပြင်ဆင်ချင်ပေမဲ့ မချက်တတ်တဲ့အခါ သင့်တော်သလိုခေါက်ဆွဲဘူးလေးသာဝယ်ပြီး ညစာလုပ်ခဲ့ရသည်။ဘာမှ မလုပ်တတ်မကိုင်တတ် မချက်တတ်မပြုတ်တတ်တဲ့ အကျင့်တွေနဲ့အသားကျအောင် နေလာခဲ့တဲ့ဘဝကို ပြန်တွေးမိတိုင်း မျက်ရည်ကျမတတ်ရင်နာရသည်။
ပေါက်ကွဲလွန်းလို့ အရက်အကောင်းစားတွေဝယ်သောက်ပြီး မူးရင်းမှောက်ချင်ပေမဲ့ ဘာမှမရှိတော့သလိုခံစားရတဲ့အခါတိုင်း မရှိမဲ့ရှိမဲ့ခေါက်ဆွဲညစာလေးက ကြမ်းပြင်ပေါ်ပစ်စလတ်ခက် ပြုတ်ကျပြန့်ကျဲသွားနေကျ။
နံရံထောင့်မှာထိုင်ပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ရင်း ကြိတ်ငိုရတာတွေကလည်း အဲ့လူမျက်နှာကိုမြင်လာမိတိုင်း ခဏခဏ။အစကနေအဆုံးအထိ တစ်စက်ကလေးမှကို ချစ်ချင်စရာမကောင်းတဲ့လူကို စိတ်ထဲထည့်ပြီးတွေးနေမိတယ် ဆိုတည်းက Jung Hoseok ဘဝက ပရမ်းပတာကြားမှာ ဖရိုဖရဲဖြစ်တော့မှာအသေအချာ။
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ