18💜 (Uni)

2.9K 266 7
                                    

📳📳

vibrate မြည်သံကြောင့်...ဖုန်းကိုလှမ်းစမ်းပြီး မျက်လုံးတွေကိုလက်ခုံနဲ့ပွတ်သပ်ကာ ကြည့်လိုက်သည်။

Jiminမေမေဆီက message ။

"Happy Birthday Jeonလေး ။ အိပ်နေတုန်းလား ။ မင်းHyung ဒီနေ့ပြန်ရောက်မှာနော် "

Jeon ၏ မထူမပါးနှုတ်ခမ်းများ ချက်ချင်း​လေးကိုင်းသဏ္ဍာန်သို့ကွေးညွတ်သွားခဲ့သည်။

"ကျေးဇူးပါ မေမေ"

မေမေဆိုပြီး Jeonခေါ်နေတာကြာပြီ။Jiminမေမေဆိုတော့ Jeonမေမေပဲလေ။

စာတစ်ကြောင်းပြန်ပို့ပြီး...တန်းပေါ်က တံဘက်တစ်ထည်ဆွဲယူကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

ခဏအကြာ ရေချိုးခန်းတံခါးပွင့်လာပြီးနောက်...

ခန္ဓာကိုယ်အောက်ပိုင်းကို တံဘတ်ဖြူတစ်ထည်တည်းနဲ့လျော့တိလျော့ရဲပတ်ကာ ရေချိုးခန်းထဲက ထွက်လာတဲ့Jeonက...ရေတွေတစ်စက်စက်စီးကျနေတဲ့ ဝမ်းဗိုက်မှာ အဖုအထစ်ခြောက်ခုအထင်းသားနဲ့အသက်ပြည့်ပြီးသား ယောကျ်ားတစ်ယောက်ထက်ပိုပြီး ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ်အချိုးအစားများကပါ ကျစ်လစ်တောင့်တင်းနေပြီး...အရင်တုန်းက ခန္ဓာကိုယ်သေးသေးသွယ်သွယ်Jeonလေးနှင့် လုံးလုံးမှမတူတော့။

မှန်အရှေ့မှာရပ်ရင်း ခေါင်းလျှော်ထားပြီးကာစဆံပင်တိုတွေကို လက်ချောင်းရှည်တွေနဲ့ထိုးဖွပြီးခါပစ်လိုက်တဲ့ပုံက ခပ်ညှို့ညှို့မျက်လုံးဝိုင်းတွေနဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေကြောင့် နဖူးပေါ်ပြန်ကျလာတဲ့ဆံပင်တွေနဲ့အတူ စွဲဆောင်မှုကအတိုင်းထက်အလွန်။

လက်မောင်းတစ်ခုလုံးမှာ အဓိပ္ပါယ်မျိုးစုံပါတဲ့ တက်တူးအပြည့်ထိုးထားပြီး မို့မောက်နေတဲ့ ရင်ဘတ်အုပ်အုပ်ကြီးနဲ့ထွားကြိုင်းလာတဲ့ ခန္ဓာကိုယ်ကြီးကလည်း ချာတိတ်အရွယ်Jeonနှင့် လျားလျားမျှမဆိုင်တော့။

Shirtလက်ရှည်အနက်ရောင်ကို စတိုင်ပန်အနက်ရှည်နဲ့တွဲဝတ်ကာ ခါးပတ်ပတ်လိုက်တော့ Jeonက all blackဝတ်စုံနှင့် နာမည်ကြီး idolတစ်ဦးလိုလို။အင်္ကျီလက်မောင်းကို တံတောင်အနားထိခေါက်တင်ထားပြီး...ရင်ဘတ်က ကြယ်စေ့၂လုံးလောက်ဖြုတ်ဝတ်ထားပုံကလည်း Idolတွေထက်ပိုလန်းတဲ့ Jeonရဲ့ဝတ်စားဆင်ယင်နေကျ style။

"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]Where stories live. Discover now