"မမ ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး ရတယ် Jeon။ Jimin လက်..."
Jeon မေးတာကိုဖြစ်သလိုပြန်ဖြေပြီး Jiminလက်ကိုစိုးရိမ်တကြီးပြေးကိုင်ကြည့်ဖို့ကြိုးစားနေတဲ့ သူမကို Jiminက ခပ်ချေချေရှောင်ပစ်သည်။
"ငါနဲ့ ဝေးဝေးနေ! "
"Park Jiminဘာလို့ ရိုင်းနေတာလဲ"
"ငါက ယဉ်ကျေးပြနေရဦးမှာလား "
"လူမှုအဆင့်အတန်းကိုနားလည်စမ်းပါ။ပတ်ဝန်းကျင်မှာလူတွေနဲ့။Park Jiminမရိုင်းတတ်ပဲ ဘာလို့ရိုင်းနေတာလဲ"
"သြော...ရှက်တတ်တယ်လား မင်းက။ငါတစ်ယောက်လုံးအရှေ့မှာတောင် မင်းဒီလိုဖြစ်ပြနေတာ Jeon Jung Kook။မင်းမှာဖောက်ပြန်တာနဲ့ပတ်သက်လို့ အရှက်ရောရှိသေးလို့လား! "
"ကျစ်! "
Jiminက သူ့ထက်ပိုပြီးရှက်တတ်ပါတယ်။လူတွေကြားထဲ ဒီလိုရုတ်ရုတ်သဲသဲဖြစ်နေတာ Park CEO သာသိရင် သိက္ခာက ကျလိုက်မဲ့ဖြစ်ချင်း။သူတို့နဲ့ယှဉ်ပြီး စကားကိုမပြောချင်တာ။ဒါပေမဲ့ Jeonက လူကြားထဲမှာ တရားဝင်ယောကျ်ားသိက္ခာကျမဲ့အလုပ်ကိုထပ်လုပ်ခဲ့တာ။
လူကြားထဲမှာအကျယ်တပွင့်တွေဖြစ်မှာစိုးလို့ Jeonက အကောင်းဆုံးထွက်ပေါက်ကိုရှာသည်။Jeonတွေးမိတဲ့အကောင်းဆုံးထွက်ပေါက်က Jiminနဲ့ Kim Yoon Miကိုလူခွဲပေးလိုက်ဖို့။ဒေါသထွက်ရင်လူနဲ့မလိုက်အောင်ကြီးလွန်းတဲ့ Jiminအကြောင်းသိလို့...Jeon က Kim Yoon Miလက်ကိုဆွဲပြီးဆိုင်ပြင်ထွက်သွားသည်။
ပုံမှန်လူဝင်လူထွက်နေရာလေးကဆိုပေမဲ့...Jeonထွက်ပေါက်က အကြီးအကျယ်မှားသွားခဲ့သည်။Jeonတို့ အနောက်ကနေတစ်ဆက်တည်းလိုက်လာတဲ့Jiminက အပြင်ရောက်တာနဲ့Jeonတို့အရှေ့မှာပိတ်ရပ်ပစ်လိုက်ပြီး နှစ်ယောက်စလုံးကိုရွံရှာသလိုစိုက်ကြည့်နေတာ။
"တော်တော်ဖြစ်နေတာလား မင်း! "
"Park Jiminမမိုက်ရိုင်းနဲ့။ခင်ဗျားလုပ်ထားတဲ့ အပူလောင်ဒဏ်ရာအတွက် တာဝန်ယူရမယ်မို့လား။ပေါက်ကွဲချင်ရင် ကိုယ့်ဘာသာပေါက်ကွဲနေလေ။ဘာကိစ္စ မျက်နှာဆုံချည်ခေါ်ပြီးရန်တွေ့နေရတာလဲ။ခင်ဗျားသိက္ခာထက် မိန်းကလေးသိက္ခာကိုပိုထည့်တွက်ပေးစမ်းပါ"
YOU ARE READING
"ချစ်ခြင်း မုန်းခြင်း ညီမျှခြင်း၏အလွန်"[Completed]
FanfictionJikook = မောင် + သက်ဆိုင်သူ