Chapter-3

1.6K 155 0
                                    

【Unicode 】

Chapter:3(အကြီးဆုံး သခင်မလေးက နည်းနည်းတော့ ထူးဆန်းတယ်)

"ရှဲ့ချောင်က ရုပ်ရည်ကြမ်းတမ်းတဲ့ မိန်းကလေးဖြစ်မယ်လို့ ထင်ထားတာ ဒီလောက်လှလိမ့်မယ် လို့မတွေးထားမိဘူး"

"ကံကောင်းချင်တော့ သူကြည့်ရတာ သင့်‌တင့်လျောက်ပတ်အောင် နေတတ်ပုံမပေါက်ဘူး နန်းမြို့တော်က လူချမ်းသာလေးတွေက အလှမျိုးစုံကို မြင်ဖူးပြီးနေပြီလေ"

"ယောက်ျားတစ်ယောက်က ကြင်ဖက်ရှာတဲ့အခါ အကျင့်စာရိတ္တကို အရမ်းဦးစားပေးတတ်တာပဲလေ"

ရှဲ့ချောင်တွင် ပိုင်ဆိုင်မှုဟူ၍ သိပ်မရှိပါ။ သူမ ရှိသမျှ ပစ္စည်းလေးများကို သိမ်းဆည်းပြီးနောက် သခင်မလုနှင့် သူ့သမီးတို့၏ နောက်မှ ထပ်ကြပ်မကွာ တောင်အောက်သို့ လိုက်သွားခဲ့လေသည်။

ရထားပေါ်တွင် ထိုင်နေရင်း သခင်မလု၏မျက်နှာအမူအရာမှာ တစ်စထက်တစ်စ ပျက်ယွင်းလာသည်။

"ဒီလိုမိန်းကလေးမျိုးတစ်ခါမှ မတွေ့ဖူးပါဘူးတော် ငါတို့မိသားစုက အသားစားဖို့ မတတ်နိုင်တာမျိုးလည်း မဟုတ်တာကို အိမ်မွေးတိရစ္ဆာန်နဲ့ အတူတူလှည်းစီးဖို့ ဆုံးဖြတ်ရတယ်လို့... နန်းမြို့တော်ကို ရောက်ဖို့က တစ်လခွဲလောက်ကြာဦးမယ် ဒီတိရိစ္ဆာန်နဲ့ပဲ စားတူတူ အိပ်တူတူနေနေတာ ဘယ်လောက် အနံ့ဆိုးလိုက်မလဲ" သခင်မလုမှာ စဉ်းစားရုံလေးဖြင့်ပင် ယင်းအနံ့ဆိုးကို ရှူရှိုက်မိပြီးသွားသည့်အလား သူမ၏ နှာခေါင်းကို ပွတ်သပ်လိုက်လေတော့သည်။

ရှဲ့ချောင် တောင်အောက်ဆင်းလာစဉ်က ဝါးသေတ္တာတစ်လုံးကို ယူဆောင်လာခဲ့သည်။ ထိုအထဲမှာ မည်သည့်အရာပါနေမှန်း မည်သူမှ မသိကြပေ။

သူမနှင့်အတူ ဆူဖြိုးသော သက်ရှိကြက်ဖကြီးတစ်ကောင်ကိုပါ ခေါ်လာခဲ့သည်။

ထိုကြက်ဖ၌ နေရောင်အောက်တွင် ထင်းလင်းသည့် အရောင်အသွေးနှင့် ကြည့်ကောင်းသော အမွှေးများရှိသည်။ ရှဲ့ချောင် သွားသည့်နေရာတိုင်းကို ထိုကြက်ဖကလည်း အနီးကပ် လိုက်လေ့ရှိ၏။

"မေမေ ဟိုအကြီးဆုံးမမလေးပုံစံက နည်းနည်းထူးဆန်းနေတယ် ဒါပေမယ့် ဘာထူးဆန်းနေတာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး" ဖေဝမ်ယွဲ့က အနည်းငယ်မျှမျက်မှောင်ကြုတ်လိုက်ရင်း ပြောလိုက်သည်။ "နောက်ပြီး သူမကို ကြည့်ရတာ ကျန်းမာရေးကောင်းပုံလည်းမရဘူး..."

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now