Chapter 88

641 73 0
                                    

၈၈။ (စာရင်းပေးသွင်းခြင်း)

ရှဲ့ချောင် သက်ပြင်းညင်ညင်သာသာ ချလိုက်သည်။ သူမဒီဟာကို သည်းခံနိုင်ခဲ့မည်ဆိုလျှင်  ကမ္ဘာပေါ်မှာ လူတိုင်းကို ရက်ရောပြီး နားလည်လက်ခံပေးနိုင်တဲ့ ကျွမ်းကျင်သူတစ်ဉီးဖြစ်ပေလိမ့်မည်။

သူမ ခေါင်းကို ဖြည်းဖြည်းချင်းငုံ့လိုက်သည်။

" ဘာလဲ။ နင်မှာ ပြောစရာမရှိတော့ဘူးလား။ ငါနင့်လိုလူမျိုး အများကြီးကို မြင်ဖူးတယ်။ နင်က အိမ်က ခံစားချက်မဲ့နေတဲ့အစေခံတွေလိုမျိုးပဲ။ သူတို့က အစေခံဖြစ်ဖို့ ကံပါနေပေမဲ့ သခင်တစ်ယောက်ဖြစ်ချင်နေကြတာလေ။  အဲ့ဒီလုပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်ရော။ဘယ်သူကမှ နိမ့်ကျတဲ့ကံကို မပြောင်းလဲနိုင်ဘူး"

ရှဲ့ချောင်  မျက်ခွံများလှုပ်သွားခဲ့သည်။သူမရဲ့ ကြည်လင်နေတဲ့ စိတ်လေးကို ဖျက်ဆီးပစ်မိတော့မှာကို စိုးရိမ်နေလေပြီ။

အကြောင်းပြချက်က….သူမဒါကိုထပ်ပြီး သည်းမခံနိုင်တော့ဘူး။

" ဘယ်လေကများ ဒီလိုအနံ့ဆိုးကြီးကို တိုက်ခတ်လာလဲ ဆိုတာသိချင်လိုက်တာ" ရှဲ့ချောင်က  ခေါင်းကို‌မော့ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။ " ဘာက အရေးမပါ‌အောက်တန်းကျတာလဲ။ ငါ့အတွက်တော့ အတင်းဖျင်းပြောတဲ့သူ၊ ယုတ်ညံ့တဲ့အတွေးတွေရှိ‌ပြီး သူများကို အသရေဖျက်ပြောဆိုနေတဲ့သူက အောက်တန်းကျတယ်၊ လောဘကြီးပြီးတော့ ကလိမ်ကကျစ်နဲ့စဉ်းလဲတဲ့သူဆိုရင် ဆိုးဆိုးဝါးဝါးကိုအောက်တန်းကျတယ်။ ငါက‌ အဲ့ဒီထဲက တစ်ခုမှမဟုတ်ဘူးလို့ ထင်တယ်။ ရှားသခင်မလေး နင်ရော နင့်ကိုယ်နင် ဘယ်လောက်ထိအောက်တန်းကျတယ်လို့ထင်လဲ"

ရှဲ့ချောင်က ထပ်ပြောသည်။

 "နင် အောက်တန်းကျလား မကျလားဆိုတာကို ဝန်ခံစရာမလိုပါဘူး။ငါ့မျက်လုံးနဲ့မြင်နိုင်တာပဲဟာ"

ပြောပြီးသည်နှင့် ခြေထောက်ကို ကြွကာ ညာဘက်အခြမ်းဆီသို့ လျှောက်သွားလိုက်၏။

သူမကလူတစ်စုစာရင်းပေးသွင်းနေကြသည့်‌နေရာတွင်ရပ်လိုက်ပြီး ဆရာမကို ကြည့်ကာပြောလိုက်သည်။ 

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now