Chapter 151-155

644 72 1
                                    

Unicode

၁၅၁။ နင်က အမတအရှင်ကို ပရော်ပရည်လုပ်မှတော့ နင်ရဲ့ဝိဉာဉ်ကို ပြန်သိမ်းယူပစ်မယ်

လမ်းမထက်၌ ဈေးဝယ်နေကြသော ပြည်သူများမှာ ဆင်းရဲသူများ မဟုတ်ကြသောကြောင့် ဆိုင်ထဲသို့ဝင်သွားပြီးမှ လက်ဗလာနှင့် ပြန်ထွက်လာခြင်းမှာ အတော်လေးမကောင်းဟု ၎င်းတို့ ခံစား‌ရ‌လေသည်။ ထို့အပြင်၊ ဤဆိုင်တွင်ရောင်းသော ပစ္စည်းများမှာ ပဉ္စလက်ဆန်လှသည်။ ထို့ကြောင့် သာယာအေးချမ်းစေရန်အတွက် တစ်စုံတစ်ရာ ဝယ်ခဲ့ကြလေသည်။ 

သို့ရာတွင်လည်း ဆရာရှောင်းသည် ဓမ္မတူရိယာအား ဝယ်ယူသည့် ပထမဦးဆုံးသူ ဖြစ်လေ၏။

" လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ‌ဆရာတူမောင်လေးရှောင်း။ တကယ်တော့ အစ်မ မင်းအတွက် ဒီပစ္စည်းကို လျှော့ပေးခဲ့တာ။ နောက်ပြီးတော့ အစ်မ ဒီဆိုင်ကို ရခဲ့တာကလည်း မင်းကြောင့်ပဲလေ" ရှဲ့ချောင် ပြုံးလျက် ဆိုလိုက်သည်။

" အ‌ပေါ်ထပ်မှာ အစ်မ လုပ်စရာတချို့ရှိသေးတယ်။ ဆရာတူမောင်လေး ကိုယ့်ဟာကိုယ် ဝယ်နိုင်တယ်မလား? တကယ်လို့ မင်းကြိုက်တာ တစ်ခုခုရှိရင် ချန်တုန်းကိုသာ ပြောလိုက်။ သူ မင်းကို အထူးဈေးနဲ့ ပေးလိမ့်မယ်" ရှဲ့ချောင်သည် ပြော၍ပြီးသွားသည်နှင့် ရှောင်းယွီရုန်အား လက်ပြကာ အပေါ်ထပ်သို့ တက်သွားခဲ့လေသည်။

ချန်တုန်းသည် ရှုပ်ထွေးသော မျက်နှာအမူအရာနှင့် ‌အပေါ်ထပ်ကို လှမ်းကြည့်လိုက်လေ၏။

ရှောင်းယွီရုန်သည် စိတ်မအေးစွာနှင့် မေးလိုက်သည် " ဘာမလို့လဲ? အ‌ပေါ်ထပ်မှာ အရေးကြီးပုဂ္ဂိုလ် ရှိနေတာလား?"

ချန်တုန်း ခေါင်းခါလိုက်လေသည်။

ဘာအရေးကြီးပုဂ္ဂိုလ်မှ မဟုတ်ဘူး၊ အဲ့ဒီမှာ...ဘာဧည့်သည်မှ‌လဲမရှိဘူး။

ဘာပဲဖြစ်ဖြစ် ဒီနေ့ ထူးဆန်းနေတယ်။

ဆိုင်အား ရောင်းဝယ်ဖောက်ကားရန် ဖွင့်လှစ်လိုက်ပြီးသည့်နောက် ဆိုင်းဘုတ်အောက်တွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းမှာ မြည်နေခဲ့လေသည်။ ခေါင်းလောင်းသည် သေးငယ်သော်လည်း အသံမှာမူ သာမန်ထက်လွန်ကဲစွာ ကျယ်လောင်နေခဲ့၏။ လေတိုက်ခတ်ခြင်းမရှိတာတောင် ၎င်းသည် အဆက်မပြတ် လှုပ်ယမ်းနေခဲ့သည်။ လှုပ်ရှားမှုများမှာ လွန်စွာပင် မူမှန်မနေခဲ့ချေ!

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now