Chapter 135

470 61 0
                                    

Unicode
၁၃၅။ ခြေကုန်လက်ပမ်းကျနေသော

ရှဲ့ချောင် တည်ငြိမ်စွာဖြင့်သာ ကြည့်လိုက်၏။ ယွမ်ပင်း စိတ်တိုသွားမည်အား သူမ စိုးရိမ်မနေပေ။

ဤလူ၏ မိဘများ၌ အပျက်သဘောဆောင်သည့် မျက်နှာသွင်‌ပြင်များ ရှိကြပေသည်။ ၎င်းတို့နဖူး၏ ညာဘက်ခြမ်းမှာ အတော်လေး စွေစောင်းပြီး မှဲ့တစ်ခုလည်းရှိကာ ကျဉ်းလည်းကျဉ်းမြောင်းကြသည်။

သူမရဲ့  ဖတ်ရှုကြည့်ခြင်းမှ သူသည် ကိုယ်လုပ်တော်တစ်ဦး၏ သား၊ သို့မဟုတ် သူ့အဖေ သို့မဟုတ် အမေသည် သူ့အား သခင်မ သို့မဟုတ် ဖောက်ပြန်တတ်သော မိန်းမတစ်ယောက်ရှိသော ယောက်ျားနှင့် ရခဲ့ခြင်းဖြစ်မည်။

နောက်ကတစ်ခုမှာ အတော်လေး မဖြစ်နိုင်ပေ။ ၎င်းမိဘများ၏ မျက်နှာသွင်ပြင်မှာ ၎င်းထက် ပိုကောင်းပေသည်။ သို့သော်လည်း သူတို့၏ ကံကြမ္မာများမှာ တစ်ဦးနှင့်တစ်ဦး မတိုက်ဆိုင်သောကြောင့် ယွမ်ပင်းအား ကိုယ်လုပ်တော်မှ မွေးဖွားခဲ့သော်လည်း ဇနီးသည်၏ မှတ်တမ်းအောက်တွင် ထားရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့အား  ဇနီးသည်က ပြုစုပျိုးထောင်ခဲ့ခြင်း မဟုတ်ချေ။

မုန့်ကျိဖန်သည် ကမ္ဘာကြီးလောင်ကျွမ်းနေခြင်းကို ကြည့်ရသည်အား  နှစ်သက်သူဖြစ်သည်။ သူ ထိုအချိန်က ရှဲ့ချောင် ဘာပြောသွားခဲ့သည်ကို တွေးနေခဲ့သော်လည်း အဆုံးတွင်‌တော့ အတော်လေး စိတ်ဝင်စားစရာကောင်းနေလေသည်။

“ ရှဲ့သခင်မလေး၊ မင်းက တာအိုဘုရားကျောင်းမှာ ကြီးပြင်းခဲ့တာဆိုပြီး ငါကြားမိသလားလို့? မင်း ရုပ်လက္ခဏာ ဖတ်နိုင်တာလား? ယွမ်ပင်းက ချစ်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ပုံပေါ်တယ်ဆိုတာ မင်းဘာကို ဆိုလိုတာလဲ?” မုန့်ကျိဖန် ခဏရပ်လိုက်၏။ “ ပြီးတော့ သူက မိသားစုကို ဂုဏ်သရေပျက်စေတယ်လို့လည်း မင်းပြောခဲ့သေးတယ်နော်…ငါ အဲ့ဒါနဲ့ပတ်သတ်ပြီးတော့ သိပ်မရှင်းလို့" 

ယွမ်ပင်း ဒေါသထွက်နေလေပြီဖြစ်သည်။ “ ရှဲ့မိန်းကလေး၊ ငါ မိန်းမတစ်ယောက်ကို ရိုက်ဖို့ စိတ်ထဲထားနေမှာ မဟုတ်ဘူးနော်!"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now