Chapter 96

667 71 0
                                    

၉၆။ (ကြီးမားသောအကျိုးအမြတ်)

ရှဲ့ချောင် ရိုးရိုးရှင်းရှင်းသာတွေးတတ်သည့် သခင်မလေးတစ်ယောက်နှင့် စကားပြောနေမိတာကိုသိလိုက်ရသည်။ သူမက ခံစားချက်အစစ်အမှန်ကိုသာ ဖော်ပြပြီး ထိုအကြောင်းအား အများကြီးမတွေးခဲ့ပေ။

 သူတို့က ငြိမ်းချမ်းတဲ့တာအိုဆရာသခင်ဟောင်းဖြစ်တဲ့  သူမလိုမဟုတ်။သူတို့နှင့်နှိုင်းယှဥ်လျှင် သူမကအလွန်အေးစက်လေသည်။

သို့သော်လည်း၊ သူမရဲ့ သိမ်မွေ့တဲ့ အပြုံးကိုထုတ်ပြရန် ဝန်မလေးပဲ လူတိုင်းကို ပြုံးပြရင်း "ငါအဆင်ပြေပါတယ်" လို့ပြောခဲ့သည်။

ဒါကသူမရဲ့သွားတွေကိုနာကျင်စေ၏။

ဖန်းမုရွှယ် နှင့်ကျန်သည့်သူများမှာ ရှက်စရာကောင်းသည်ဟုခံစားလိုက်ကြရသည်။

သူတို့အားလုံး ကိုးရိုးကားရားဖြစ်သွားကြ၏။

ရှဲ့ချောင် သူတို့ကိုနှစ်သိမ့်မပေးခဲ့။ သူမအလွန်ပျင်းရိနေပြီဖြစ်သည်။

ဆရာကြီးလုက အသိပညာရရန် ဆန္ဒရှိနေပုံရတဲ့သူမရဲ့မျက်နှာကို  မြင်ရတာကြောင့် ပျော်နေခဲ့သည်။ "ဒါဆိုရင် အတန်းထဲမှာ  သမီးကျန်းမာရေးကိုဦးစားပေးဖို့ နောက်မှ  ဆရာတွေနဲ့ပြောလိုက်မယ်။အကောင်းဆုံးလုပ်ပါ။”

"ကျေးဇူးတင်ပါတယ်ဆရာ" ရှဲ့ချောင် ပြောလိုက်သည်။

သူမ သတိလစ်သွားတော့၊ အခု သူမရဲ့ခေါင်းကအများကြီးပိုရှင်းသွားသည်။အရင်ကလောက်မပင်ပန်းတော့။

"ဟုတ်တယ်၊မင်း ပြိုင်ပွဲမှာနိုင်ခဲ့တယ်။ မင်းကို ကျောက်စိမ်းဆုချပေးတဲ့ အရှင့်သားကို ကျေးဇူးတင်သင့်တယ်။ခဏလောက်အနားယူပြီးရင် ဒါကိုမမေ့နဲ့။" လို့ ဆရာမကျူးက ထပ်ပြောလိုက်သည်။

“သူဘယ်မှာလဲ။"  ရှဲ့ချောင် ကစိတ်ရှုပ်နေ၏။

"ကျောင်းတော်ထဲမှာ အရှင့်သားရဲ့ ခြံဝန်းတစ်ခုရှိတယ်။ အဲဒါက အရှေ့ဘက်အကျဆုံးမှာ။  ဝါးတောကို ဖြတ်ပြီးရင် မင်း အဲ့နေရာကို ရောက်သွားလိမ့်မယ်” ဆရာကျူးက ပြောပြလိုက်သည

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now