Chapter 156-160

579 70 0
                                    

Unicode

၁၅၆။ ထူးဆန်းသောဆိုင်

ယွမ်ပင်းသည် အဝေးသို့ ကို့ယိုးကားယားဖြင့် ထွက်ပြေးသွားခဲ့လေသည်။ သူတစ်‌ယောက်ယောက်ကို မြင်ရမှာပင် အလွန်ရှက်နေပြီဖြစ်လေ၏။ ပတ်ပတ်လည်မှ အံ့ဩနေကြသည့် အကြည့်များကို သတိပြုမိလိုက်ချိန်၌ ရှဲ့ဖင်းဟွိုက်သည် မတတ်နိုင်ပဲ ရှဲ့ချောင်အား နှစ်ကြိမ် ဖျက်ခနဲကြည့်လိုက်၏။

သူ တော်ဝင်ကျောင်းတော်သို့ ရောက်ခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ နှစ်နှစ်အတွင်းတွင် တိုးတက်မှုမရှိခဲ့သောကြောင့် သူသည် မဟော်ဂနီခြံဝန်း၌ ရှိနေရဆဲဖြစ်၏။ လူများစွာသည် သူနှင့်သူ့အစ်မကို ပြက်ရယ်ပြုကြပြီး ဆိုးရွားသောအရာများကိုလည်း သူကြားခဲ့ရသေးပေသည်။

လူများက သူ့ကိုကြည့်ပြီး အခြားတစ်ယောက်ကို ဝေဖန်ပြောဆိုနေသည်မှာ ပထမဆုံးဖြစ်၏!

ခံစားချက်မှာ အလွန်ထူးဆန်းနေရုံမျှသာဖြစ်သည်!

ယွမ်ပင်းသည် ရှဲ့ဖင်းဟွိုက်၏ အစားထိုးဆူပူကြိမ်းမောင်းခံရသူ ဖြစ်လာခြင်းမှာ အလွန်သနားစရာကောင်းသွားပေသည်!

သူ၏အကြီးဆုံးအစ်မသည်လည်း စွမ်းဆောင်နိုင်စွမ်းရှိလွန်းပေသည်။ သူမသည် ဤကဲ့သို့ ရှုပ်ထွေးလှသော အလောင်းအစားကိုပင် နိုင်ခဲ့‌သေး၏!

ရှဲ့ဖင်းဟွိုက်မှာ  မျက်လုံးထဲတွင်ကြယ်များရှိနေသကဲ့သို့ ဝင်းလက်သွားခဲ့‌သည်။

" အစ်မကြီး၊ အစ်မက တော်တော်ကံကောင်းတာပဲ! " လူများထွက်သွားပြီးနောက် ရှဲ့ဖင်းဟွိုက်သည်

စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်လေသည်။

" ဒါက ငါ့အရည်အချင်းလေ" ရှဲ့ချောင်သည် လေးနက်မှုအပြည့်နှင့် ခေါင်းကိုမော့လိုက်၏။ သူမအား ကြည့်ရသည်မှာ အလွန်တည်ကြည်လေးနက်နေပုံပေါ်နေ‌လေသည်။

ရှဲ့ဖင်းဟွိုက်မှာ သူမအား ထိုသို့မြင်လိုက်ရသဖြင့် ပိုပြီး စိတ်လှုပ်ရှားတက်ကြွလာလေတော့သည်။

“ အစ်မကြီး၊ အစ်မက အရမ်းခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ပုံမျိုးပေါ်တယ်ဗျ။ အစ်မသာ သူများတွေကို အစ်မရဲ့နာမည်မ‌ပြောသရွေ့ လူတွေက အစ်မကိုဂုဏ်သရေရှိမိသားစုက သခင်မလေးတစ်ယောက်လို့ထင်ကြမှာ သေချာပေါက်ပဲ! ”

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now