Chapter-13

1.4K 153 1
                                    

【Unicode】

အခန်း - (၁၃) ဘာလို့ မရတာလဲ?

သူယခင်က ချူချာသည့် အလှလေးတွေကို မြင်ဖူးခဲ့ပေမယ့် ဤမျှ အတိုင်းအတာ လောက်ထိတော့ မဟုတ်ခဲ့ပေ။

မနေ့က သူမမှာ လေအေးများကို ကြံ့ကြံ့ခံကာ ညသန်းခေါင်ယံတွင် မိမိကိုယ်မိမိ ခက်ခဲအောင် လုပ်၍ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။ ယနေ့တွင်တော့ သူမအား ကြည့်ရသည်မှာ သေခြင်းတရားမှ ခြေတစ်လှမ်းအကွာသာ လိုတော့သကဲ့သို့ပင်။

' ဒါက လှည့်ကွက် တစ်ခုလိုပဲ။ '

ကျောက်ရွှမ်ကျင်းသည် သူမနှင့် ပတ်သက်၍ အနည်းငယ် ယုံကြည်မှု ကင်းမဲ့ဆဲ ဖြစ်သည်။ သို့ပေမဲ့ ဤပုဂ္ဂိုလ်မှာ သူ့အသက်ကို ကယ်ခဲ့သည်။ သူမက ကံကြမ္မာ ဖတ်ခြင်း၌  အမှန်တကယ် တော်သည်ဖြစ်စေ ဒါမှမဟုတ် ဒီအတိုင်း ကံကောင်းသွားသည်ပင် ဖြစ်စေ ပဓာန မထားပဲ သူမအား ပစားပေးမည် ဖြစ်သည်။ သူမကို လူကိုယ်တိုင် သွား၍ တွေ့ရမည်။

အချိန်မဆိုင်းပဲ သူ့လူများအား ရထားလုံးကိုလှည့်ရန် ပြောလိုက်သည်။

" ကျွန်တော်တို့က ခက်ခဲကြမ်းတမ်းတဲ့ နေရာမှာ ခရီးသွားနေတာပါ။ တကယ်လို့ မိန်းကလေးရှဲ့ စိတ်မရှိဘူးဆိုရင် ကျွန်တော့် ရထားလုံးထဲ လာစီးနိုင်ပါတယ်။ " ကျောက်ရွှမ်ကျင်း၏ ပင်ကိုစရိုက်မှာ အနည်းငယ် အေးစက်ပြီး ချဥ်းကပ်ရလွယ်ကူပုံ မပေါ်ပေ။ မည်သို့ပင် ဖြစ်စေ သူကတော့ ယဥ်ကျေးစွာသာ ပြောနေဆဲဖြစ်သည်။

သူမကိုယ် သူမ ထောက်ကန်ကာ ထရပ် လိုက်သည်။

ထို့နောက် သူမ ရှေ့သို့ နှစ်လှမ်း တိုးလိုက်သည်။

ရုတ်တရက် သူမ ထပ်မံ ရပ်တန့် လိုက်ပြန်သည်။

" ရှင် ကျွန်မကို ရုံးတော်ဆီ ပို့ချင်တုန်းပဲလား? " သူမ၏ ခေါင်းကို လှည့်လိုက်ကာ သူ့အား ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်ခုံးများအား တွန့်ချိုးလိုက်သည်။ " တကယ်လို့ ကျွန်မသာ ကျန်းမာရေး ကောင်းမနေဘူး ဆိုရင် အုပ်ချုပ်ရေး ရုံးတော်ကို ပို့ခံရတာနဲ့ သေသွားလိမ့်မယ်။ ဘယ်လိုနည်းနဲ့သေသေ ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးရတာက အနည်းဆုံးတော့ သိက္ခာပိုရှိတာပေါ့..."

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now