Chapter 134

454 58 0
                                    

Unicode
၁၃၄။ ကိုယ်လုပ်တော်မှ ပြုစုပျိုးထောင်ခဲ့သော

ရှဲ့ချောင်၏ မေးခွန်းမှာ ချင်လျို့အား ဆွံ့အသွားစေခဲ့သည်။ “ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင်မှ သူအောင်မြင်မှာလို့ ဘယ်သူမှ လောင်းမှာ မဟုတ်ဘူး။ ဒီအလောင်းအစားက ဖြစ်လာမှာ မဟုတ်ဘူးရယ်။ ပြီးတော့ နင်က နန်းမြို့တော်ကို ရောက်ကာစမလို့ နားမလည်သေးတာ။ ဆရာရှောင်းက အတော်လေး ခေါင်းမာတယ်ဟ။ အခုချိန်ထိ သူရဲ့ လက်အောက်မှာ ဘယ်ကျောင်းသားကိုမှ မခေါ်ခဲ့ဖူးဘူး။ ကျောင်းသားတွေမှာ အံ့အားသင့်လောက်စရာ ပါရမီစွမ်းရည်တွေ ရှိ‌နေရင်တောင်မှ ဆရာရှောင်းက ဘယ်တော့မှ စိတ်မကျေနပ်ဘူး"

တစ်စုံ‌တစ်ယောက်သည် တပည့်တစ်ဦး လက်ခံလိုက်သည်နှင့် ၎င်းထံတွင် သွေးတစ်ဝက် သားတစ်ယောက် ရှိသည်ဟု ဆိုလိုသွား‌ပေသည်။ တပည့်ရင်းသည် ကျောင်းတော်ရှိ ကျောင်းသားများနှင့် နှိုင်းယှဉ်လျှင် မတူကွဲပြားစွာ ဆက်ဆံခြင်းကို ခံရပေမည်။ သဘာဝကျစွာပင် ထိုကိစ္စအား ဂရုပြုလုပ်ဆောင်သင့်ပေ၏။

အကယ်၍ သူသည် ဆရာကဲ့သို့ ပြဿနာရှာတတ်သည့် တပည့်တစ်ယောက်အား ခေါ်ယူခဲ့ပါက သူ၏ တစ်သက်တာ ဂုဏ်သတင်း‌သည် ပျက်စီးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ရှဲ့ဖင်းဟွိုက်မှ ဆရာရှောင်း၏ ဂုဏ်သတင်းအား ထိခိုက်စေနိုင်သည့် အချက်အလက်ရှိသရွေ့ ဆရာရှောင်းသည်  ရှဲ့ဖင်းဟွိုက်အား တပည့်အဖြစ် ဘယ်တော့မှလက်ခံမည် မဟုတ်ပေ။

သို့သော်လည်း ရှဲ့ချောင်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။

သူမသည် အလွန် ဆင်းရဲလွန်း၏။ တစ်စုံတစ်ယောက်မှ အလောင်းအစားလုပ်ရန် ဆန္ဒရှိခဲ့မည်ဆိုလျှင် လအနည်းငယ်ကြာပြီးနောက်တွင် သူမ ပမာဏများစွာ အနိုင်ရပေလိမ့်မည်။

ချင်လျို့အတွက် ရှဲ့ဖင်းဟွိုက်အကြောင်းအား များစွာပြောရန်မှာ မသင့်တော်ပေ။ နောက်ဆုံးတွင်တော့ ရှဲ့ဖင်းဟွိုက်အား ချီးမွမ်းရန်အတွက်လည်း သူမ တစ်ခုမှ ရှာမတွေ့သောကြောင့် အခြားအကြောင်းအရာတစ်ခုသို့သာ ပြောင်းလိုက်လေတော့သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now