Chapter 29

1.1K 120 1
                                    

Chapter :29 (သနားဖွယ်)

ရှဲ့ချောင်နှင့် ရင်းနှီးသော လူတော်တော်များများကပင် သူမ၏ မရင့်ကျက်သေးသည့် ညီမကို အရှက်ရစေမည့်အစား သူမအလိုက်ထိုက်သာ နေလိုက်သင့်ကြောင်း တွေးမိကြသည်။

ရှဲ့ချောင်မှာ စိတ်ဆိုးနေခြင်းလည်း မဟုတ်ပေ။

သူမသည် ထိုနေရာတွင်ထိုင်သာနေသည်။အောက်သို့ငုံ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ “ဒီလူက တောထဲမှာ သေသွားတော့ သူရဲ့အရိုးတွေကို မထုပ်ခင်မှာ ကျွန်မကိုယ်တိုင် နာရီပေါင်းများစွာ တူးယူခဲ့ရတာ မနေ့က လေစိမ်းတိုက်တာ ခံထားရလို့ ဒီနေ့ တောင် ခေါင်းမူးနေသေးတယ် ကျွန််မ ဆေးသွားဝယ်တုန်း ဒီလူက.... မိန်းကလေးဖေရဲ့လုပ်ရပ်ကြောင့် စိတ်ထိခိုက်သွားရတယ်... ကျွန်မတော့ သူ့ရဲ့ဒေါသအရှိန်ကြောင့် သေတော့မယ်လို့တောင် တွေးခဲ့ရတာ...ခံထားရတယ့်သူဆိုတော့ ကျွန်မအပေါ် အမှားလုပ်တဲ့သူဆီက တောင်းပန်တာကို သေချာပေါက်လိုချင်တယ်"

"မိန်းကလေးဖေ မင်းက စိတ်ထားကောင်းတဲ့ မိန်းကလေးပါ မင်းရဲ့ အမှားတွေကို သူ့အတွက် အရိုးတွေကို စိတ်ရင်းမှန်နဲ့ ရှင်းပေးလိုက်ဖို့ပဲ လိုတာ သူ မင်းကိုသိပ်ပြီးကပ်မှာ မဟုတ်ဘူးလို့လည်း တို့ယုံကြည်တယ် ပြီးတော့ မင်းကုသိုလ်ကောင်းမှုတွေ လုပ်ချင်နေတာဆို အခြားဟာတွေ လုပ်နေရတာမဟုတ်ပေမဲ့လည်း  အရိုးတွေကို ပြန်သိမ်းပေးတာက သိပ်မခက်ပါဘူး။ဒါတော့ မင်းသေချာပေါက် လုပ်နိုင်တယ် မဟုတ်လား"

ရှဲ့ချောင်က ညင်သာစွာပြောလိုက်သည်။

သူမသည် ထိုနေရာတွင်ထိုင်ကာ အလွန်သိမ်ငယ်နေပုံရသည်။ သို့သော်သူမ၏ အသံသည် ပုလဲနှင့်ကျောက်စိမ်းများအသံကဲ့သို့ လန်းဆန်းအေးမြနေသည်။

“ဒါလည်းမှန်ပါတယ်လေ မိန်းကလေးဖေ မင်းကအထုပ်ကိုဖွင့်လိုက်တာ မလုပ်သင့်တာကို ချိုးဖောက်မိတော့ အခုပြန်ပြင်ရမဲ့ အချိန်ရောက်ပြီ”

"သခင်မလေးရှဲ့ရဲ့ ဆရာက ရွှေယွဲ့တာအိုဘုရားကျောင်းက ထူးချွန်တဲ့ ဆရာသခင်တစ်ယောက်ပဲ သူမညီမကို ဒီလိုလုပ်ခိုင်းရတဲ့ အကြောင်းအရင်း တစ်ခုခု ရှိရမယ်။ သူမညီမကို ဒုက္ခရောက်စေချင်တာမျိုးတော့ မဟုတ်လောက်ပါဘူး။”

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now