Chapter 111-120

781 74 1
                                    

Unicode

၁၁၁။ ငါ့ကျောက်စိမ်းဘယ်ရောက်သွားတာလဲ?

ထိုစကားကိုကြားသောအခါ ထိန်းချိန်မရလိုက်ပဲ ရှဲ့ချောင် ပြုံးလိုက်မိသည်။

ရှဲ့ဖင်းဟွိုက် သူမအား မုန်းတီးမှာ သေချာပါသည်။သူသည် ချမ်းသာပြီး မဆင်မခြင် လုပ်တတ်သော သခင်လေးဖြစ်သည်။

"အိမ်မှာ တိတ်လွန်းအားကြီးလို့လေ ဒါက ပိုအသက်ဝင်လားမလားလို့ပေါ့"ရှဲ့ချောင် မျက်စပစ်ပြလိုက်သည်။ “သူဘယ်လောက်ချမ်းသာလဲ ကြည့်လိုက်လေ။ တစ်လကို ငွေစငါးဆယ်တောင်ဖြတ်ခနဲပေးလိုက်နိုင်တာပဲ။ ကြည့်ရတာ အမေကသူ့ကို လတိုင်းပိုက်ဆံအလုံလောက်ပေးထားလို့နေမယ်။အစ်ကိုကြီးရဲ့ အပြုမူကိုကြည့်လိုက်ရုံနဲ့ အဲ့ကောင်လေးက ဘယ်လောက်ထိန်းချုပ်ခံနေရမလဲ သိသာနေတာပဲလေ။အခုတောင် အသက်၁၂နှစ်ရှိနေပြီဆိုပေမယ့် အချိန်ရပါသေးတယ်။ နောက်မှဆို အရမ်းနောက်ကျသွားလိမ့်မယ်။"

"သခင်မလေးက သခင်လေးတွေအပေါ်အရမ်းကြင်နာတာပဲ "ရှဲ့ချောင် အစား ချွင်းအာက ကျေးဇူးအတင်မခံရသည်ကို ခံစားနေရသည်။

ခြံဝင်းမှာ အလွန်သီးခြားဆန်နေပြီး အကြီးဆုံးသခင်လေးမှလွဲ၍ ကျန်ရှဲ့မိသားစုဝင်များမှာ လာလည်ခဲသည်။

အကြီးဆုံးသခင်လေးမှာလည်း ရေတွင်းတူးရန်သာ လာခဲ့ခြင်းဖြစ်သည်။

သူများ ပြောနေသည်များကို ရှဲ့ချောင် ဂရုမစိုက်။

သူမပေးလိုက်သော ကျောက်စိမ်းဖြူမှာ သူမတွက်တော့ သာမန်ပင်ဖြစ်သည်။အရမ်းကြီးကျယ်သော အရာလို့လည်း မခံစားရ၊ အနေချောင်အောင် ပေးလိုက်ခြင်းသာဖြစ်သည်။

သူမတို့၏ဖခင်မှ သခင်မလုအားလက်မထပ်ခင်က  သူမ၏မွေးချင်းများကို လှစ်လျူရှုထားခဲ့သည်။ ထုံးစံတိုင်းပြောရလျှင် အစ်မကြီးအမိရာ ဖြစ်နေသည်။သို့အတွက် သူမကမိခင်တာဝန်ကို အလိုလျောက်ထမ်းဆောင်ရမည် မဟုတ်လော။ သူမ၌ အားမရှိ၍သာ ဘာကိုမျှ မတောင်းဆိုခြင်းဖြစ်သည်။

ရွှေယွဲ့တာအိုဘုရာကျောင်း၌ နေထိုင်ခဲ့ရပြီး ပညာသင်ယူနေသည်ဖြစ်သော်လည်း အမှန်တကယ်ကိုပင် စိတ်ထဲတေးမှတ်မထားတတ်သူဖြစ်သည်။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now