Chapter 37

881 112 0
                                    

Chapter : 37 (အကြီးဆုံး သခင်မလေး)

ရှဲ့ချောင်သည် လိုက်ကာစအား လှစ်ဟလိုက်ကာ အပြင်သို့ ကြည့်လိုက်၏။

ရှဲ့မိသားစုအိမ်တော်အား ဝန်းရံထားသောနံရံသည် သူမမျက်စိရှေ့တွင်ပင်။ အရှေ့ဝင်ပေါက်တွင် လူများစွာရှိနေသော်လည်း ထိုသူတို့ မည်သည့်ပုံစံရှိကြမှန်း သူမ မမြင်ရပေ။

ရှဲ့မိသားစု၏ အိမ်တော်ထိန်းသည် တံခါးဝ၌ စောင့်ကြိုနေလေသည်။

ရိုသေ လေးစားသော အကြည့်ဖြင့် အိမ်တော်ထိန်းသည် ရှေ့သို့ထွက်လာကာ ရထားလုံးထဲမှ သခင်မလု ထွက်လာမည်အား စောင့်ဆိုင်းနေပေ၏။

" သခင်ကြီး ဘယ်မှာလဲ? " သခင်မလု ရထားလုံးထဲမှ ထွက်လာပြီးနောက် အစေခံများကိုသာ မြင်လိုက်ရသည်။ သူမ၏ ခင်ပွန်းနှင့် ခင်ပွန်းဘက်မှကလေးများကို မမြင်ရသောအခါ သူမ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

"သခင်ကြီးနဲ့ အကြီးဆုံးသခင်လေးက အခုထိ တပ်စခန်းမှာပဲ ရှိပါသေးတယ်။ သခင်မတို့ လဝက်လောက်နေမှ ပြန်ရောက်လိမ့်မယ်လို့ ကျွန်တော် ထင်ထားခဲ့တာ။ ဒီလောက်စောလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပါဘူး။ သခင်ကြီးတို့ဆီ သတင်းပို့ဖို့ ကျွန်တော် လူတစ်ယောက် လွှတ်ပြီးပါပြီ။ ဒုတိယသခင်လေးနဲ့ အငယ်ဆုံးသခင်မလေးက အခု ကျောင်းတော်မှာပါ" အိမ်တော်ထိန်းမှ လျင်မြန်စွာ ဖြေကြားလိုက်၏။

" ကျောင်းတော်? " ရထားလုံးအပြင်သို့ ဖေဝမ်ယွဲ့ ထွက်လာပြီးနောက် ပဟေဠိဖြစ်စွာ အားနည်း၍ အနည်းငယ်ကွဲအက်နေသော အသံဖြင့် ပြောလိုက်သည်။

" ဪ အဲတာက တော်ဝင်မိသားစုက ဖွင့်ထားတာ။ ဦးလေးရှဲ့... မင်းရဲ့အဖေက သူတို့အငယ်နှစ်ယောက် ကျောင်းဝင်ခွင့်ရဖို့ ခက်ခက်ခဲခဲနဲ့ ငွေတော်တော်များများကို  သုံးထားရတာ" သခင်မလုမှ ပြန်ဖြေ၏။

ဖေဝမ်ယွဲ့သည် သူမနှုတ်ခမ်းအား စုဝိုင်းလိုက်ကာ "မိန်းကလေးတွေလည်း ကျောင်းတော်ကို သွားလို့ရမယ်လို့ သမီးမမျှော်လင့်ထားခဲ့ဘူး။ လျောင်ကျို့မှာဆို ဒီလိုမျိုးမရှိဘူး..."

" အင်း လျောင်ကျို့က နေရာသေးသေးလေး။ ပြီးတော့ တော်တော်လေး အစွန်အဖျားကျပြီး ခေါင်တယ်။ အမျိုးသမီးတွေက တင်းကြပ်တဲ့စောင့်ကြည့်မှုအောက်မှာ အိမ်မှာပဲ နေရပြီး ကျောင်းတော်တွေမှာ လေ့လာခွင့်မရှိတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နန်းမြို့တော်မှာ အမျိုးသမီးတွေကိုလက်ခံပြီး လူတိုင်းသိကြတဲ့ ကျောင်းတော်ကြီး (၃)ကျောင်း ရှိတယ်။ တခြား အနီးတဝိုက်က မြို့တော်တွေမှာလည်း အခြေအနေတူတူပဲ။ ဒါတွေအားလုံးက မယ်တော်ကြီးရဲ့ ကျေးဇူးကြောင့်ပါပဲ" သခင်မလု ရှင်းပြလိုက်လေ၏။

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now