Chapter 87

667 75 0
                                    

၈၇။ (ပြဿနာလား ကောင်းချီးလား)

ဆရာမအား ကြည့်နေသည့်  သူမတို့မျက်လုံးများမှာ ဆန္ဒများဖြင့်ပြည့်လို့နေခဲ့သည်။

" ဆရာမ၊ ဘယ်မင်းသားအကြောင်းကိုများ …… ပြောတာလဲ။ စတုတ္ထမင်းသားများဖြစ်နေမလား"

တစ်ယောက်က မေးလိုက်၏။

ဆရာက မျက်မှောင်ကြုံ့လိုက်၏။

" အဲ့ဒါကအိမ်ရှေ့စံမင်းသားပဲ"  

ဆရာ ထိုသို့ပြောလိုက်တာနဲ့ မိန်းမပျိုလေးများ၏ သက်ပြင်းချသံယဲ့ယဲ့ကို ရှဲ့ချောင်ကြားလိုက်ရသည်။သူတို့ စိတ်ပျက်သွားကြတာလား။

 

အိမ်ရှေ့စံမင်းသားက စတုတ္ထမင်းသားလောက် သဘောကျမခံရ‌ဘူးလား။

ရှဲ့ချောင်က ဒါကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးမိ‌သော်လည်း ဒီလို အတင်းဖျင်းပြောတာကိုတော့  အထင်မြင်သေးမိ၍ ဘာကိုမှ မမေးခဲ့ပေ။

လူအုပ်ထဲမှ မိန်းကလေးတစ်ဉီးက  " အို ဒါဆို အရှင့်သား အိမ်ရှေ့စံ လာမှာပေါ့။ ဒါဆို ငါတို့ ဓားရေးအက ကိုပြီးပြည့်စုံအောင်သာ သရုပ်ဖော်နိုင်ခဲ့မယ်ဆိုရင် ဘာဖြစ်မှာလဲ။အိမ်ရှေ့စံက ငါတို့ကို သဘောကျနှစ်သက်လာဖို့‌မျှော်လင့်ရမှာလား။အရှင့်သား သာ တကယ်သဘောကျခဲ့မယ်ဆိုရင် ‌ဒါက ကောင်းချီးတစ်ခုမဟုတ်ဘဲ ပြဿနာပဲကို။ ဘာများပျော်စရာရှိလို့လဲ။"

" ရှူး၊ ဒါ အိမ်‌ရှေ့စံမင်းသားပဲ။ဒီအကြောင်းသာ ပျံ့သွားရင် နင့်ရဲ့ ခေါင်းကို စိတ်မပူဘူးလား။ အိမ်ရှေ့မင်းသားသာ တကယ်ကြားသွားခဲ့ရင် နင့်မိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင်ကျသွားလိမ့်မယ်" သူမဘေးတွင် ရှိနေသူက သူမကို ညင်ညင်သာသာနှင့် သတိပေးလိုက်သည်။ 

ထိုသခင်မလေးက သတိပေးစကားကိုကြားရပြီးနောက် သူမရဲ့ခေါင်းကို ငုံ့လိုက်၏။။ သူမက ခြေထောက်‌တွေကို  အချင်းချင်းပွတ်‌နေပြီး ထိတ်လန့်နေခဲ့သည်။

" နင်က အိမ်ရှေ့မင်းသားကို သဘောမကျ‌ပေမဲ့ သူ့ကိုသဘောကျတဲ့လူတွေရှိတယ်လေ။ ငါတို့ကိုတကယ်ကြည့်ဖို့လာတာလည်းမဟုတ်ဘူး"

ကြင်ယာတော်မင်းသမီးကံဆိုးပြန်ပြီWhere stories live. Discover now